ဘူရွန်ဒီနိုင်ငံသား(၄)ဦးကို ဆောလျင်စွာလွှဲပြောင်းပေးနိုင်ရန်ဆွေးနွေး
ကရင်ပြည်နယ်၊ မြဝတီမြို့သို့တရားမဝင်ရောက်ရှိနေသည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦးအား ဆောလျင်စွာ လွှဲ ပြောင်းပေးနိုင်ရေးအတွက် သံအမတ်ကြီးဦးဇော်ဦးနှင့် နယူးဒေလီမြို့အခြေစိုက် ဘူရွန်ဒီနိုင်ငံသံအမတ်ကြီး H.E. Major General Aloys Bizzindavyi တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းကတွေ့ ဆုံခဲ့ကြပြီးနောက် ယနေ့အချိန်အထိ လွှဲပြောင်းပေးအပ်နိုင်ခြင်းမရှိသည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦးအား ဆော လျင်စွာပြန်လည်လက်ခံနိုင်ရေး၊ လွှဲပြောင်းရေးလုပ် ငန်းစဉ်များနှင့်အညီဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။