ဂျာမနီသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် ပုဂံရှိသက်တော်ရှည်ဆေးခန်းတွင် လစဉ်ကုသမှု ၁၀၀၀ ကျော်အတွက် အခြေခံဆေးဝါးများ အခမဲ့ပေးလျက်ရှိ
ဂျာမနီသံရုံး ရန်ကုန် ၏ တာဝန်ခံအကြီးအကဲ Mr. Mathias Licharz သည် ပုဂံရှိ သက်တော်ရှည်ဆေးခန်းကိုသွားရောက်ခဲ့ပြီး ဒေသခံများအတွက် ကုသပေးနေသည်များကိုကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းသည် ဂျာမနီသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် လစဉ် ကုသမှု ၁,၀၀၀ ကျော် အတွက် အခြေခံဆေးဝါးများကို အခမဲ့ ပေးအပ်လျက်ရှိကြောင်း လည်း သံရုံးက အသိပေးထုတ်ပြန်ထားသည်။
သဘာဝဘေးအန္တရာယ်များ၊ နေရာရွှေ့ပြောင်းနေရသူများ တိုးလာခြင်းနှင့် ဆေးဝါးစျေးနှုန်းမြင့်တက်လာခြင်းတို့ကြားတွင်ပင် သက်တော်ရှည်ဆေးခန်း၏ စေတနာ့ဝန်ထမ်းများသည် ဒေသခံများအတွက် အခမဲ့ အခြေခံဆေးကုသမှုများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိရာ အသက်ရှင်ရေးအတွက် အရေးပါသော အားကိုးရာတစ်ခုအဖြစ် ရပ်တည်နေကြောင်း သိရသည်။
အဆိုပါ ဆေးခန်းသည် လူထုကျန်းမာရေးကို ခိုင်မာစေပြီး လူတစ်ဦးချင်းစီ၏ လှုပ်ရှားနိုင်မှုကိုထောက်ပံ့ကာ လူမှုအသိုင်းအဝိုင်းတည်ငြိမ်မှုကိုလည်း အားပေးမြှင့်တင်နိုင်သဖြင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများကို ရရှိနိုင်ခြင်းက ရေရှည်အတွက်ကောင်းမွန်နိုင်ကြောင်းကိုလည်း ပြသနေခြင်းဖြစ်ကြောင်း သိရသည်။