21 hrs - Translate

Local ပွဲတွေမှာလည်း အရပ် ၅ ပေ ၆ လက်မဆိုတဲ့ စံချိန်
စံညွှန်းတွေရှိလာပြီဆိုတော့ အရပ် ၅ ပေ ၆ လက်မ လည်းမပြည့်ဘူးအလှမယ်အိမ်မက်လည်းရှိတယ်ဆိုရင်
အရပ် ၅ ပေ ၆ လက်မရှိဖို့ ဘယ်လိုလုပ်ကြမလဲ?
မိန်းကလေးတွေဟာ အသက် ၁၈/၁၉ လောက်မှာ အရပ်ရှည်နှုန်း ကျသွားတယ်ဆိုပါတယ်။
အရပ်ရှည်ဖို့ ဘာတွေလုပ်ကြမလဲื
(၁) အိပ်ရေးဝဝအိပ်စက်ခြင်း။ ၈ နာရီပြည့်အောင် အိပ်ရပါမယ်။
(၂) ရေကူးမယ်။ ရေကူးတာက အရပ်ရှည်တာကို အားပေးပါတယ်။
(၃) ယောဂ (Yoga) လုပ်ခြင်း ဒါမှမဟုတ် Stretch (အကြောဆန့်) တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးရင်တော့ ကိုယ်ဟန်အနေအထား ပိုမိုကောင်းမွန်လာပြီး ကြည့်ကောင်းတဲ့ အရပ်အမောင်းကို ရရှိနိုင်ပါတယ်။
(၄) ကယ်လ်စီယမ်နှင့် ဗီတာမင် D တွေဟာ အရိုးသန်မာစေနိုင်တာမို့ နို့၊ နို့ထွက်ပစ္စည်းနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးရပါမယ်။
(၅) ပဲပုတ်စေ့က အရပ်ရှည်စေတာမို့ ပဲပုတ်စေ့ များများစားပါ။
(၆) Posture မှန်အောင်နေပါ။ ခါးကုန်းနေရင်၊ လက်ပျဉ်ကုန်းနေရင် အရပ်ပိုပုသလို ခံစားရတာမို့ ကော့ကော့ဆန့်ဆန့်လေးနေပါ။
အားလုံးပဲ အလှမယ်အိမ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါစေ…

imageimage
+4