23 hrs - Translate

ဘဝမှာ...
“ပျင်းတာရယ်၊ ကြောက်တာရယ်”
ဖယ်လိုက်ရင် တော်တော်များများ
လွယ်ကူသွားလိမ့်မယ်တဲ့။
အဖွားက သင်ပေးထားတယ်။
မနက်ခင်း နေရောင်ခြည်လေးကို
မြင်ရဖို့လည်းမပျင်းနဲ့ ။
အပင်လေးတစ်ပင် ပြုစုဖို့လည်းမပျင်းနဲ့။
ကိုယ့်ဆံပင်ကနေ ခြေဖျားအထိ
တန်ဖိုးထားတတ်ဖို့လည်း မပျင်းနဲ့။
မသိသေးတဲ့ လောကနယ်ပယ်ကြီးအကြောင်းနဲ့
လူတွေအကြောင်း သင်ယူဖို့လည်း မပျင်းနဲ့။
အာဟာရတန်ဖိုး မျှတအောင်
စားဖို့လည်း မပျင်းနဲ့။
တစ်စုံတစ်ယောက်ကို ကူညီဖို့လည်း မပျင်းနဲ့။
တစ်ယောက်တည်း ဖြစ်နေမှာကိုလည်း
မကြောက်နဲ့။
ငါ လုပ်နိုင်ပါ့မလားလို့လည်းမကြောက်နဲ့။
အင်အားကြီးတိုင်းလည်း မကြောက်နဲ့။
ခြောက်လှန့်တိုင်းလည်း မကြောက်နဲ့။
နာကျင်ရမှာကိုလည်း မကြောက်နဲ့။
မပျင်းတဲ့စိတ်ဟာ ရှင်သန်ဖို့ ဖြစ်ပြီး
မကြောက်တဲ့စိတ်ဟာ သန်မာဖို့ဖြစ်တယ်တဲ့
ဒီနှစ်ခုပေါင်းစပ်လိုက်ရင် အလှပဆုံး
Energy တစ်ခု ထွက်ပေါ်လာတယ်။
အဲ့ဒါကို “အကြည်ဓါတ်” လို့ခေါ်တယ်။
credit to original with respect

image