(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံရောက်ရှိ

ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့ ဇန်နဝါရီ ၁၅ ရက်နံနက် ၆ နာရီက မြန်မာ့လေကြောင်းလိုင်း(MAI)၏ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၆ နာရီ ၄၅ မိနစ်တွင်ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးနှင့် စစ်သံမှူးကြီးဗိုလ်မှူးချုပ်ဝင်းသူလင်းတို့ကကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့တွင် အားကစားအဖွဲ့ဝင်(၁၄၅)ဦးပါဝင်ပြီး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ အားကစားနည်း(၁၁) နည်း၌ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

image