မုဒုံမြို့ ကတုံးပေါ်ကျေးရွာ မီးဘေးသင့်ပြည်သူများကို တစ်အိမ်ထောင်လျှင် ကျပ် (၄) သိန်းနှုန်းထောက်ပံ့လှူဒါန်း
မွန်ပြည်နယ်၊ မုဒုံမြို့၊ ကတုံးပေါ်ကျေးရွာရှိ မီးဘေးသင့် ပြည်သူများကို တစ်အိမ်ထောင်လျှင် ကျပ် (၄) သိန်းနှုန်းဖြင့် ယနေ့ ဇန်နဝါရီ (၁၅)ရက်၌ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများကို လှူဒါန်းနိုင်ရေးအတွက် မော်လမြိုင်မြို့ဒေသခံပရ ဟိတအဖွဲ့(၇)ဖွဲ့ ပူးပေါင်း၍ ဇန်နဝါရီ (၁၂)ရက်မှ (၁၃)ရက်အထိ (၂)ရက်ကြာစုပေါင်းအလှူခံခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
"ကျွန်တော်တို့ တစ်အိမ်ထောင်ကို ကျပ် လေးသိန်းနဲ့ အဝတ်အထည်တွေ ကျောင်းသုံးပစ္စည်းတွေနဲ့ အစားအသောက်အချို့လှူဒါန်းပေးခဲ့ပါတယ်"ဟု သွားရောက်လှူဒါန်းရာတွင်ပါဝင်သည့် ဒေသခံပရဟိတအဖွဲ့တာဝန်ခံ ကိုဇင်မိုးက ရှင်းပြသည်။
ထို့သို့ လှူဒါန်းရာတွင် မုဒုံကတုံးပေါ်ကျေးရွာ မီးလေ-ာင်မှုဖြ စ်စဉ်အတွင်း မီးသင့်ဆုံးရှုံးခဲ့ရသည့် ကတုံးပေါ်ကျေးရွာ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းအတွက် ပြန်လည်ထူထောင်ရန် မတည်ငွေကျပ် သိန်း(၃၀)ကိုလည်း တဆက်တည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၈)ရက် မွန်းလွဲပိုင်းက ကတုံးပေါ်ကျေး ရွာတွင် စုစုပေါင်း အိမ်ခြေ (၅၇)လုံး မီးဘေးသင့်ခဲ့ရာ ကျေးရွာနေလူဦးရေ (၂၁၃)ဦး အိုးမဲအိမ်မဲ့ဖြစ်ခဲ့ပြီး လက်ရှိတွင် ကျေးရွာဓမ္မာရုံနှင့် စေတနာရှင်လူမှုကယ်ဆယ်ရေးရုံး၌ ကယ်ဆယ်ရေးစခန်းဖွင့်၍ ယာယီခိုလှုံနေကြရကြောင်း သိရသည်။