2 ရက် - ဘာသာပြန်ပါ။

အိမ်အရောက်ပို့ဆန်ရောင်းချမှု ရွှေဘိုပေါ်ဆန်း နှင့် ဧည့်မထဈေးတက်လာ
----------------------------

အခုဇန်နဝါရီလအတွင်း အိမ်အရောက်ပို့စနစ်နဲ့ ဆန်တွေ ရောင်းချပေးနေရာ အရင်လတွေထက် ရွှေဘိုပေါ်ဆန်း နဲ့ ဧည့်မထဆန်ဈေးတွေ မြင့်တက်လာတာကိုဇန်နဝါရီ၁၄ရက်မှာထုတ်ပြန်တဲ့မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ ထုတ် ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းတွေ တည်ငြိမ်မှန်ကန်စေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ရက်က စပြီး ၁၀၈ ပေါင် ၂၄ ပြည် အိတ်အကြီးတွေကို အိမ်အရောက်ပို့စနစ်နဲ့ရောင်းချနေတာ ဖြစ်ပြီး ဆန်အိတ် အသေးတွေကို ရပ်ကွက် တွေ /ဈေးတွေမှာ လှည့်လည်ရောင်းချတာကိုလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အဲဒီလို ရောင်းချပေးနေရာ အခုဇန်နဝါရီလမှာတော့ ရွှေဘိုပေါ်ဆန်း(ဟောင်း) ၂၄ ပြည်တစ်အိတ်ကို ၁၈၂၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(သစ်) ၂၄ ပြည်တစ်အိတ်ကို ၁၅၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ)(သစ်) ၂၄ ပြည်တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ)(အသစ်) ၂၄ ပြည်တစ်အိတ်ကို ၁၁၂၀၀၀ ကျပ်၊ ရက်(၉၀) တစ်အိတ်ကို ၇၅၀၀၀ ကျပ် နဲ့ ဧည့်မထ (၁၅မှတ်) ဆန်တစ်အိတ်ကို ၅၂၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။
အရင်လတွေက ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ ရွှေဘိုပေါ်ဆန်း(ဟောင်း) နဲ့ ဧည့်မထဆန် တစ်အိတ်ကို ကျပ် နှစ်ထောင်စီ တက်လာတယ်လို့ သိရပါတယ်။
အိမ်အရောက်ပို့စနစ်နဲ့ ဆန်တွေ ဝယ်ယူဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး မှာယူလို တဲ့ ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွကို တိကျစွာ SMS ဒါမှမဟုတ် Viber မှာ စာပို့ပြီး မှာယူ ရမှာ ဖြစ်ပါတယ်။
အဲဒီနောက် ဝယ်ယူသူထံ ငွေကြိုသွင်းရမဲ့ KBZ Pay နံပါတ်ကို ပေးပို့မှာ ဖြစ်ပြီး ငွေပေးသွင်းပြီးရင်တော့ Viber ကနေ ပြန်လည်အတည်ပြု ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ငွေပေးသွင်းပြီးရင်တော့ သုံးရက်အတွင်း ဖော်ပြပါလိပ်စာအတိုင်း ဆန်တွေကို အခမဲ့ လာရောက်ပို့ဆောင်ပေးမှာ ဖြစ်ပြီး ပို့ဆောင်မဲ့ နေ့ရက် နဲ့ အချိန်ကိုလည်း ကြိုတင်ဆက်သွယ် ပြန်ကြားပေးမှာ ဖြစ်ကာ အထပ်မြင့်ပေါ်ကို ပို့ဆောင်ရင် တော့ ဝန်ဆောင်ခ ထပ်မံပေးရမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

image