1 ရက် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်မှတ်ဝယ်ယူလိုသူ သန်း ၅၀၀ အထိ စံချိန်တင် တောင်းဆိုခံထားရတဲ့ ဖီဖာ
=====================

ဖီဖာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စံချိန်တင် လက်မှတ်ဝယ်ယူလိုသူ သန်း ၅၀၀ အထိ စံချိန်တင်ရရှိထားကြောင်း ကြေညာလာပါတယ်။
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီတို့တွင် ပူးတွဲ ကျင်းပလာမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်းဖြင့် ယှဉ်ပြိုင်လာပါမယ်။
ဖီဖာဟာ ဒီဇင်ဘာလတုန်းက ကမ္ဘာ့ဖလားအုပ်စုမဲခွဲမှုအပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဇန်နဝါရီလ ၁၃ ရက်အထိ ကာလအတွင်းတွင် Random Selection Draw စနစ်ဖြင့် လက်မှတ်ရောင်းချလာပါတယ်။
ဖီဖာဟာ ယင်း App မှ တဆင့် ဖီဖာအဖွဲ့ဝင် နိုင်ငံပေါင်း ၂၁၁ နိုင်ငံရဲ့ ပရိသတ်များထံမှ လက်မှတ်ဝယ်ယူရေး ကြိုးပမ်းခြင်းခံလာရပါတယ်။
လက်မှတ်ဝယ်ယူရေးအများဆုံးတောင်းဆိုတဲ့ နိုင်ငံများတွင် အိမ်ရှင်များဖြစ်ကြတဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ၊ ဂျာမနီ၊ အင်္ဂလန်၊ ဘရာဇီး၊ စပိန်၊ ပေါ်တူဂီ၊ အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ပါဝင်ပါတယ်။
လက်မှတ်တောင်းဆိုမှုအများဆုံးပွဲက ဇွန်လ ၂၇ ရက်နေ့တွင် ကိုလံဘီယာနှင့် ပေါ်တူဂီတို့ ကစားမယ့် ပွဲအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် အခြားလက်မှတ်တောင်းဆိုမှုများပြားတဲ့ပွဲအဖြစ် ဂွါဒါလာဂျာရာတွင် မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ကစားမယ့်ပွဲနှင့် ဇူလိုင်လ ၁၉ ရက်နေ့ နယူးဂျာစီတွင် ကစားမယ့် ဗိုလ်လုပွဲလက်မှတ်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် မက္ကဆီကိုစီးတီးတွင် မက္ကဆီကိုနှင့် တောင်အာဖရိကတို့ ကစားမယ့် အဖွင့်ပွဲကလည်း လက်မှတ်တောင်းဆိုမှုများပြားတဲ့ပွဲများတွင် ပါဝင်သလို ဇူလိုင်လ ၂ ရက်နေ့ တိုရန်တိုတွင် ကိုလံဘီယာ(သို့မဟုတ်) ပေါ်တူဂီ ပါဝင်လာနိုင်တဲ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တို့လည်းပါဝင်ပါတယ်။
ဖီဖာဟာ ကမ္ဘာဖလားပြိုင်ပွဲအတွက် လက်မှတ် ၂ သန်းအထိ ရောင်းချထားပြီး ဖြစ်ကာ ပြိုင်ပွဲတစ်ခုလုံးမှ ၁၀၄ ပွဲအတွက် လက်မှတ် ၄ သန်းမှ ၅ သန်းအထိ ရောင်းချရလာမယ်လို့ ယုံကြည်ရပါတယ်။
ဖီဖာဟာ အကောင့်တစ်ခုလျှင် လက်မှတ် တစ်စောင်မှ လေးစောင်အတွင်း ဝယ်ယူခွင့်ပေးထားရာ တောင်းဆိုမှု သန်း ၅၀၀ အထိ ရှိရာ လက်မှတ် စောင်ရေ ၁ ဘီလီယံအထိ ဝယ်ယူရေး တောင်းခံမှု ရထားတာပါ။
ဖီဖာဟာ လက်မှတ်ဈေးနှုန်းအဆမတန်တိုးမြှင့်သတ်မှတ်မှုတို့ကြောင့် အပြင်းအထန် ဝေဖန်ခြင်းခံနေရတဲ့ကြားမှ ယခုကဲ့သိ့ လက်မှတ်တောင်းဆိုမှုခံထားရတာပါ။
တဖက်တွင် ဖီဖာက လက်မှတ်များ တရားမဝင် မှောင်ခိုဈေးကွက်သို့ မရောက်ရေး လုပ်ဆောင်ထားပေမယ့်လည်း လက်မှတ်ပြန်ရောင်းဝက်ဘ်ဆိက်များတွင် လက်မှတ်ရောင်းချမှုများ ရှိနေဆဲလည်း ဖြစ်ပါတယ်။

image