1 ရက် - ဘာသာပြန်ပါ။

နုတ်ထွက်ရန် စီစဉ်ထားချိန်တွင် ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံလာရလို့ နစ်နာကြေး ပေါင် ၁၂ သန်း ရရှိလာတဲ့ အမိုရမ်
=====================

ရူဘင်အမိုရမ်ဟာ ထုတ်ပယ်ခြင်းမခံရမီ သုံးရက်အလိုကတည်းက ရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တကယ်လို့များ ယူနိုက်တက်အနေဖြင့် အမိုရမ်ဘက်က နုတ်ထွက်လာမည်ဆိုပါက နစ်နာကြေး ပေါင် ၁၂ သန်းပေးလာရမှာလည်း မဟုတ်ပါဘူး။
အမိုရမ်ဟာ လိဒ်နှင့်ပွဲမတိုင်မီ သောကြာနေ့တုန်းက ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်နှင့် ပြဿနာတက်ပြီးနောက် နုတ်ထွက်တော့မည်ဖြစ်ကြောင်း သူငယ်ချင်းများကို အသိပေးခဲ့ပါတယ်။
ဒါပေမယ့် အမိုရမ်ဟာ အေးဂျင့်နှင့် စကားပြောပြီးချိန်မှာတော့ စိတ်အပြောင်းအလဲ ဖြစ်သွားပါတယ်။ အေးဂျင့်ရာအူးလ်ကော့စတာက ကလပ်ဘက်က ထုတ်ပယ်ခြင်း (သို့မဟုတ်) ထောက်ခံခြင်း ပြုလုပ်ရေး ရွေးချယ်လာရတော့မှာ ဖြစ်ကြောင်း အသတိပေးခဲ့ပါတယ်။
တကယ်လို့များ အမိုရမ်သာ နုတ်ထွက်လာပါက ယူနိုက်တက်ထံမှ နစ်နာကြေး တစုံတရာ ရရှိလာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လိဒ်နှင့်ပွဲအပြီးတွင် ပြောဆိုပေါက်ကွဲပြီးချိန်မှာတော့ ယူနိုက်တက်ဟာ အမိုရမ်အား ထုတ်ပယ်လာပါတယ်။
လိဒ်နှင့်ပွဲအပြီး ၁၇ နာရီအကြာ တနင်္လာနေ့တွင် အမိုရမ်ဟာ ဝဲလ်ကော့၊ စီအီးအိုအိုမာဘာရာဒါတို့နှင့် တွေ့ဆုံပြီးချိန်မှာတော့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အမိုရမ်ဟာ ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံလာရမှုနှင့်အတူ လက်ကျန် စာချုပ်သက်တမ်းအတွက် နစ်နာကြေး ပေါင် ၁၂ သန်းဝန်းကျင် ရရှိလာပါတယ်။
ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန် ခေတ်အလွန်တွင် နည်းပြများအား ထုတ်ပယ်မှုမှ နစ်နာကြေးပေးရမှု ပေါင်သန်း ၁၀၀ အထိ ရှိလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်နေရာတွင် ကစားသမားဟောင်းမိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ပထမဆုံးပွဲအဖြစ် စနေနေ့ မန်စီးတီးနှင့်ပွဲအား ကြီးကြပ်လာပါမယ်။

image