2 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်နှင့်ပွဲတွင် လက်ဆောင်ဂိုးပေးခဲ့တဲ့ ကစားသမားအား ချက်ချင်းရောင်းချရန် ချဲလ်ဆီးပရိသတ်များ တောင်းဆိုလာ
=====================

အကြီးအကျယ်ဒေါသထွက်နေကြတဲ့ ချဲလ်ဆီးပရိသတ်များဟာ မနေ့ညတုန်းက အာဆင်နယ်အား ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ရှုံးပွဲတွင် လက်ဆောင်ဂိုးပေးခဲ့တဲ့ ရောဘတ်ဆန်းချက်ဇ်အား ချက်ချင်းရောင်းချရန် တောင်းဆိုလာကြပါတယ်။
ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အား ဧည့်ခံကစားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာရဲ့ ပထမဆုံးအိမ်ကွင်းပွဲဖြစ်ပေမယ့်လည်း ဆန်းချက်ဇ်ကြောင့် ပါတီပျက်ခဲ့ရပါတယ်။
အသက် ၂၈ နှစ်ရှိ ဆန်းချက်ဇ်ဟာ ဒီကလန်ရိုက်ရဲ့ ထောင့်ကန်ဘောအား လိုင်းမှ ထွက်ကာ လက်သီးထိုး ရှင်းလင်းရှင်းလင်းရန် ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် စပိန်ဂိုးသမားရဲ့ မှန်းချက်လွဲပြီး ဘောလုံးမှာ လက်မောင်းကို ထိမှန်ကာ ဘင်ဝှိုက် ဆီရောက်သွားကာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းသွားပါတယ်။
ချဲလ်ဆီးပရိသတ်များဟာ အမှားပြုလုပ်ကာ ဦးဆောင်ဂိုးပေးခဲ့ရစေတဲ့ ဂိုးသမားအား ရောင်းချရန် တောင်းဆိုလာကြပါတယ်။
ပရိသတ်တစ်ဦးက "ရောဘတ်ဆန်းချက်ဇ်ကို ရောင်းလိုက်ပါတော့။ တကယ့်ကို ဟာသကောင်၊ အသုံးကို မကျဘူး"လို့ အွန်လိုင်းတွင် ရေးသားသွားပါတယ်။
အခြားတစ်ဦးကလည်း "နောက်နွေကျရင် ဆန်းချက်ဇ်ကို ရောင်းလိုက်တော့။ တကယ့်ကို ဆိုးလွန်းတယ်"လို့ ဆိုသွားပါတယ်။
ဆန်းချက်ဇ်ဟာ ပွဲအစတွင် အမှားမှ တဆင့် ဂိုးပေးခဲ့ရပေမယ့် ပထမပိုင်းအတွင်း နောက်ထပ် ဂိုးမပေးရအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ဟာ ဒုတိယပိုင်းတွင် ယိုကီရေးစ်နှင့် ဇူဘီမန်ဒီတို့ရဲ့ ဂိုးအား ပေးခဲ့ရပါတယ်။
ချဲလ်ဆီးဟာ အလီဂျန်ဒရိုဂါနာချိုရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရေး မျှော်လင့်ချက် အနည်းငယ် ရှိနေပါသေးတယ်။

image