သူနာပြုများအား Gradeများအလိုက် ခံစားခွင့်များ တိုးမြှင့်ပေးသွားရန်လိုအပ်ဟု ယာယီသမ္မတပြော
---------------------------------------------
သူနာပြုတွေကို ထမ်းဆောင်ရတဲ့ တာဝန်တွေအလိုက် Gradeတွေခွဲပြီး Gradeတွေအလိုက် ခံစားခွင့်တွေကို တိုးမြှင့်ပေးသွားဖို့လိုအပ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇန်နဝါရီ၁၄ရက်က ပြုလုပ်တဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
အဲဒီလိုဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်သူ့ကျန်းမာရေးကဏ္ဍမြှင့်တင်မှုအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးကဏ္ဍမြှင့်တင်မှုကို အထောက်အကူပြုနိုင်ဖို့အတွက်သူနာပြုကျောင်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးသွားဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။