မန်စီးတီးသို့ ရောက်လာပြီး တစ်ပတ်မပြည့်မီ ၂ ပွဲဆက် ဂိုးသွင်းလာတဲ့ ဆီမန်ယို
======================

အန်တိုနီဆီမန်ယိုဟာ မန်စီးတီးသို့ ရောက်လာပြီး တစ်ပတ်မပြည့်မီ ၂ ပွဲဆက် ဂိုးသွင်းလာနိုင်ခဲ့ပါတယ်။
ဂါနာတောင်ပံကစားသမားဟာ မနေ့ညတုန်းက နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း ဂိုးထပ်မံ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆီမန်ယိုဟာ ယခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ဘုန်းမောက်မှ ပေါင် ၆၅ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ အသင်းပြောင်းပြီး တစ်ရက်အကြာ ပြီးခဲ့တဲ့အပတ်တုန်းက အက်စီတာစီးတီးကို ၁၀-၁ ဖြင့် အနိုင်ရတဲ့ ပွဲတွင် ပထမဆုံးပွဲကစားခဲ့ရာမှာ ၁ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ယင်းနောက် သူဟာ အင်္ဂါနေ့ညတုန်းက စိန့်ဂျိမ်းပါ့ခ်တွင် နယူးကာဆယ်အား အနိုင်ရတဲ့ပွဲတွင် အရေးပါတဲ့ အဖွင့်ဂိုးအား သွင်းယူခဲ့ပါတယ်။
မနေ့ညက ပွဲတွင် မန်စီးတီးအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးအား ပွဲပြီးခါနီးမှာ ချာကီက သွင်းယူခဲ့ပါတယ်။
မန်စီးတီးဟာ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အီတီဟတ်မှာ ထပ်မံကစားရပါမယ်။

image