သီပေါနှင့် မိုင်းရယ်မြို့နယ်တို့မှသိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ၊ အွန်လိုင်းလိမ်လည်မှုပစ္စည်းများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

လုံခြုံရေးအဖွဲ့ဝင်များမှ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မူး ယစ်ဆေးဝါးများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ သိမ်းဆည်းရမိခဲ့ခြင်းအတွက် ယနေ့ ဇန်နဝါရီ ၁၄ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်း၊ လေဆိပ်နားနေဆောင်၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။
သိမ်းဆည်းရမိသော ဓာတုပစ္စည်းများသည် ငွေကျပ် (၁,၆၂၀)ဘီလီယံခန့်တန်ဖိုးရှိသော စိတ်ကြွဆေးပြား သန်း (၈၀၀) ကျော်ထုတ်လုပ်နိုင်ကာ မြန်မာနိုင်ငံသမိုင်းတွင် အများဆုံးဖမ်းဆီးရမိခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒု-ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်သန့်လွင်မောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံတကာသံရုံးများမှ စစ်သံမှူးများနှင့် သံတမန်များတက်ရောက်လျက်ရှိသည်။

image