ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ကို ကျော်ကာ နိုင်ငံတကာပွဲတွေမှာ အမြန်ဆုံးရာပြည့်လာတဲ့ မိုဟာမက်ဆာလက်
====================

မိုဟာမက်ဆာလက်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့အား ကျော်ဖြတ်ကာ နိုင်ငံတကာပွဲတွေမှာ ဂိုးနှင့် ဖန်တီးမှု အမြန်ဆုံးရာပြည့်တဲ့ မှတ်တမ်း ရယူလာနိုင်ခဲ့ပါတယ်။
လီဗာပူးစူပါစတားဟာ အီဂျစ်ကို ကျင်းပဆဲ အာဖရိကဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်အောင် ကူညီပေးထားသူလည်း ဖြစ်ပါတယ်။
သူဟာ အိုင်ဗရီကို့စ်အား အနိုင်ရတဲ့ အာဖရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂိုးနှင့် ဖန်တီးမှု အကြိမ် ၁၀၀ ပြည့်လာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ အီဂျစ်အတွက် ၁၁၁ ပွဲကစားထားရာမှာ ၆၅ ဂိုးသွင်းပြီး ၃၅ ကြိမ် ဖန်တီးကာ အမြန်ဆုံးရာပြည့်လာတာပါ။
ဆာလက်ဟာ ၂၀၁၁ ခုနှစ်တွင် အီဂျစ်အတွက် ပထမဆုံးပွဲကစားခင့်ရပြီးနောက် ပြီးခဲ့တဲ့ ၁၅ နှစ်တိုင်တိုင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားလာသူ ဖြစ်ပါတယ်။
သူဟာ အီဂျစ်နှင့်အတူ အောင်မြင်မှု မရယူနိုင်သေးပေမယ့်လည်း ကလပ်အဆင့်မှာတော့ အောင်မြင်မှုအားလုံး ရယူထားနိုင်ပါတယ်။
ဆာလက်ဟာ အိုင်ဗရီကို့စ်အား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၂ မိနစ်မှာ အီဂျစ်ရဲ့ တတိယဂိုးအား သွင်းယူပြီးနောက် အီဂျစ်အတွက် ဂိုးနှင့် ဖန်တီးမှု စုစုပေါင်း ရာပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ မက်ဆီနှင့် ရော်နယ်ဒိုတို့ထက် အမြန်ဆုံး ဂိုးနှင့် ဖန်တီးမှု ရာပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဆာလက်ထက် လက်ရွေးစင်အသင်းအဆင့်မှာ ဂိုးနှင့် ဖန်တီးမှု ရာပြည့်တဲ့ ဘရာဇီးကစားသမား ၂ ဦး ရှိပါတယ်။
ပီလီက ၇၇ ပွဲဖြင့် ဂိုးနှင့် ဖန်တီးမှု ရာပြည့်ခဲ့ပြီး နေမာက ၉၄ ပွဲဖြင့် ဂိုးနှင့် ဖန်တီးမှု ရာပြည့်ခဲ့တာပါ။
ဒါ့အပြင် ဆာလက်ရဲ့ နောက်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးရိုမီလူလူကာကူ (၁၁၃ ပွဲ)၊ ဥရုဂွေးဂန္ထဝင် လူးဝစ်ဆွာရက်ဇ် (၁၁၆ ပွဲ)တို့ ရပ်တည်နေပါတယ်။
အာဂျင်တီးနားအတွက် ၁၉၆ ပွဲကစားထားရာမှာ ၁၁၅ ဂိုးသွင်းခဲ့တဲ့ လီယွန်နယ်မက်ဆီက ဂိုးနှင့် ဖန်တီးမှု ရာပြည့်ရန် ၁၁၂ ပွဲကစားခဲ့ရပြီး ခရစ္စတီယာနိုရော်နယ်ဒိုက ၁၂၃ ပွဲကစားခဲ့ရပါတယ်။
တဖက်မှာ ခရစ္စတီယာနိုရော်နယ်ဒိုက ပေါ်တူဂီအတွက် ၂၂၆ ပွဲကစားထားရာမှာ ၁၄၃ ဂိုးသွင်းယူပြီး နိုင်ငံတကာပွဲနှင့် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ပြိုင်ဘက်ကင်းစံချိန်ရယူထားပါတယ်။
မိုဟာမက်ဆာလက်ဦးဆောင်တဲ့ အီဂျစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကင်မရွန်းနှင့် အာဖရိကဖလားဆီမီးဖိုင်နယ်ကစားရပါမယ်။ အီဂျစ်ဟာ ကင်မရွန်းကို ကျော်ဖြတ်လာနိုင်ပါက ဗိုလ်လုပွဲတွင် နိုင်ဂျီးရီးယား (သို့မဟုတ်) အိမ်ရှင်မော်ရိုကိုနှင့် ရင်ဆိုင်ကစားရပါမယ်။

image