တစ်နှစ်နီးပါး ပွဲဝေးနေတဲ့ စိုးလင်းဦး ထိုင်းလူငယ်ဖိုက်တာ ဝိုရာပွန်နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမယ်

ပရိသတ်အချစ်တော် မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးလင်းဦးဟာ ONE Championship မှာ ပွဲဝေးနေခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပေမယ့် အခုအခါမှာတော့ ထိုင်းလူငယ်ဖိုက်တာ ဝိုရာပွန်နဲ့ ယှဥ်ပြိုင်ထိုးသတ်ရတော့မှာဖြစ်ပါတယ်။
ONE Championship ဟာ စိုးလင်းဦးနဲ့ ဝိုရာပွန်တို့ရဲ့ တွဲဆိုင်းကို လာမယ့်ဇန်နဝါရီ (၂၃) ရက်မှာ ကျင်းပမယ့် ONE Friday Fights 139 ပြိုင်ပွဲမှာ ထည့်သွင်းထားပါတယ်။
အသက် (၃၄) နှစ်ရှိပြီဖြစ်တဲ့ စိုးလင်းဦးဟာ ONE Championship မှာ (၆) ပွဲထိုး၊ (၃) ပွဲနိုင်၊ (၃) ပွဲရှုံးထားပါတယ်။
စိုးလင်းဦးဟာ.နောက်ဆုံးထိုးသတ်ထားတဲ့ (၃) ပွဲဆက်တိုက်ကို အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။
စိုးလင်းဦးဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လအတွင်းက ရုရှားဖိုက်တာ ဒီမီထရီကို အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။
စိုးလင်းဦးနဲ့ ထိုးသတ်မယ့် ဝိုရာပွန်ဟာ အသက် (၂၃) နှစ်ပဲ ရှိသေးပြီး ONE Championship မှာ (၁၁) ပွဲထိုး၊ (၆) ပွဲနိုင်၊ (၅) ပွဲရှုံးနိမ့်ထားပါတယ်။
ဝိုရာပွန်ဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် နိုဝင်ဘာအတွင်းက ဘရာဇီးလ်ဖိုက်တာကို အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။
ဝိုရာပွန်ဟာ ဘရာဇီးလ်ဖိုက်တာကို မရှုံးခင် (၄) ပွဲဆက် အနိုင်ရထားပါတယ်။
ဝိုရာပွန်အနိုင်ရထားတဲ့ (၆) ပွဲမှာ အလဲထိုးနိုင်ပွဲ (၂) ပွဲ ပါဝင်နေပါတယ်

image