ဂယ်လာဂါကို ခေါ်ယူဖို့ စပါးအသင်း သဘောတူညီမှု ရရှိ
စပါးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက အင်္ဂလန်ကွင်းလယ်လူ ဂယ်လာဂါကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
စပါးအသင်းအနေနဲ့ ဂယ်လာဂါကို အက်စတွန်ဗီလာနဲ့အပြိုင် ကြိုးပမ်းခဲ့ပြီး လက်ဦးမှု ရယူနိုင်ခဲ့တာပါ။
ဗီလာအသင်းက ဂယ်လာဂါကို ကနဦးအငှား၊ ရာသီကုန်မှာ အမြဲတမ်းခေါ်ယူခွင့်နဲ့သာ ကမ်းလှမ်းခဲ့တာဖြစ်တယ်။
ဂယ်လာဂါဟာ စပါးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရထားခဲ့ပြီးပြီလို့လည်း သိရပါတယ်။
စပါးအသင်းဟာ ကွင်းလယ်လူ ဘန်တန်ကာ တံကောက်ကြောဒဏ်ရာနဲ့ အနည်းဆုံး သုံးလလောက်နားရမှာဖြစ်လို့ ကွင်းလယ်ကို အားဖြည့်ဖို့ ပြင်ဆင်ခဲ့တာဖြစ်တယ်။
ဂယ်လာဂါအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခွင့်ရလိုနေပြီး တူဟယ်လ်ရဲ့အသင်းမှာ တစ်ပွဲသာ ကစားထားရပါတယ်။