အထင်ကြီးခြင်း
အထင်သေးခြင်း
••••••••••••••••••
အထင်ဆိုတာ မသေချာ။
ခန့်မှန်းမျှသာ။
စိတ်ကဖန်ဆင်းလိုက်တဲ့ အထင်
ဆိုတာ တကယ့်အရှိ တကယ်
ဖြစ်စဉ်တွေနဲ့ ယှဉ်လိုက်တဲ့အခါ
"အထင်ကြီးခြင်း အထင်သေးခြင်း"
ဆိုတာတွေ ဖြစ်ပေါ်လာတယ်။
"အထင်ကြီးခြင်း" က
အားကိုးလိုခြင်း တဏှာလှုံ့ဆော်မှု
"အထင်သေးခြင်း"က
ဖက်ပြိုင်လိုခြင်း မာနလှုံ့ဆော်မှု။
အထင်မကြီးသင့်တာကို
သွားပြီး အထင်ကြီးရင်လည်း
ကိုယ်ပဲ နစ်နာပျက်စီးမယ်။
အထင်မသေးသင့်တာကို
သေးမိရင်လည်း ဆုံးရှုံး
နစ်နာစေတတ်တယ်။
အထင်ကြီးမိတော့
တစ်ဖက်ရဲ့တင်စီးမှုကို
အလိုတူအလိုပါ ဖြစ်နေတော့
မိမိဘဝ အကျနာတတ်တယ်။
စီးပွားဥစ္စာ ဆုံးရှုံးသွားတတ်တယ်။
အထင်သေးမိတော့
မရနိုင်တော့ဘူး။ အန်တု
ဖက်ပြိုင်မိလို့ အထိနာရတာ။
တကယ်တော့ အထင်ကြီးခြင်း
အထင်သေးခြင်းဆိုတာ
အမှန်တရားရဲ့ ဆန့်ကျင်ဘက်ကို
လွင့်စဉ်သွားစေပြီး မိမိဘဝ မိမိရဲ့
ဥစ္စာဓနတို့ကို အန္တရာယ်ဖြစ်စေတတ်တယ်။
▪️
မဟာဗောဓိမြိုင်
ဆရာတော်ဘုရားကြီး
᠌᠌᠌ ᠌᠌

image