ကြည့်မြင်တိုင်တွင် တစ်သီးပုဂ္ဂလ ဝင်ပြိုင်သည့် ဇောတိက ဦးခင်လှိုင် အနိုင်ရ
ရွေးကောက်ပွဲ အပိုင်း (၂) တွင် ကြည့်မြင်တိုင်မြို့နယ်၏ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ပြိုင်သည့် ဇောတိကဦးခင်လှိုင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။
ဇောတိက ဦးခင်လှိုင်သည် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကို မဲတစ်သောင်းနီးပါး အသာဖြင့် အနိုင်ရရှိခြင်း ဖြစ်သည်ဟုလည်း သူနှင့် နီးစပ်သူများကဆိုသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပခဲ့ပြီး ဖြစ်ကာ အပိုင်း (၂) ကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်၌ မြို့နယ် ၁၀၀ တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍ အပိုင်း (၃) ကိုလည်း ဇန်နဝါရီ ၂၅ ရက်၌ မြို့နယ် ၆၃ မြို့နယ်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။