နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် အမှန်တရားဘက်မှရပ်တည်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကိုအပြည့်အဝထောက်ခံအားပေး
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် အမှန်တရားဘက်မှရပ်တည်ဆောင်ရွက်နေသည့် ကိုယ် စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကိုအပြည့်အဝထောက် ခံအားပေးသည်ဟု မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ယ နေ့ ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်အသိပေးခဲ့သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင်သည့် ခိုင်မာသော အစဉ်အလာကောင်းများကို အစဉ်တစိုက်ထိန်းသိမ်းခဲ့သည့်နိုင်ငံဖြစ်ကာ လက်ရှိတွင် ICJ ၌ ရင်ဆိုင်နေရသောအမှုကိစ္စသည် မြန်မာနိုင်ငံကိုကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားဖော်ပြခဲ့သည်။
ထို့ကြောင့် ဂမ်ဘီယာနိုင်ငံမှ စွဲဆိုထားသောအမှုတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန် ကြီးဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက် တာသီတာဦးတို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရားမျှတမှုနှင့် အမှန်တရားကိုလက်ကိုင် ထား၍ မြန်မာနိုင်ငံအတွက် အစွမ်းကုန်လျှောက်လဲ ချက်ပေးသွားမည်ဖြစ်၍ ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမှန် တရားကို မြတ်နိုးတန်ဖိုးထားသည့် မြန်မာပြည်သူပြည် သားများ၏ ဆန္ဒသဘောထားများနှင့် တစ်ထပ်တည်း ကျလျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။
ထိုသို့ လျှောက်လဲချက်များအား ICJ ၏ တရားသူကြီးများအနေဖြင့် မွန်မြတ်လှသော တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကိုထိန်းသိမ်းကာ မည်သည့်အစွဲအ လမ်းမျှမပါဘဲ အခြေအနေမှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်ဆန်းစစ်သုံးသပ်နိုင်လိမ့်မည်ကို မျှော်လင့်ယုံကြည်သည်ဟုလည်း ထုတ်ပြန်ချက်၌ရေးသားထားသည်။
ထို့ပြင် နိုင်ငံတကာဥပဒေနှင့် မြေပြင်တွင် အမှန်တ ကယ်ဖြစ်ပျက်နေသည့် အခြေအနေများအပေါ်အပြန် အလှန်လေးစားလိုက်နာမှုရှိသော အဖြေတစ်ခုထွက်ပေါ်လာရေးအတွက် အဖြစ်မှန်များကိုမျှတစွာသုံးသပ်ဆုံးဖြတ်ရန်အလွန်အရေးကြီးသည်ဟုလည်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာ မျက်နှာအသစ်ကူးပြောင်းကာ နိုင်ငံတော်သစ်တည် ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည်ဖြစ်၍ အောင်မြင်စွာတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျက်ရှိသည်ဟုလည်း ရေး သားဖော်ပြခဲ့သည်။