8 ပတ် - ဘာသာပြန်ပါ။

နှစ်ပေါင်း ၁၁၁ နှစ်အတွင်း တစ်ရာသီအတွင်း ပွဲအနည်းဆုံးကစားလာရတော့မယ့် ယူနိုက်တက်
===================

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ဘရိုက်တန်ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားတတိယအဆင့်မှ စောစောစီးစီး ထွက်ခွာလိုက်ရပြီးနောက် နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ရာသီအတွင်း ပွဲအနည်းဆုံးကစားရတဲ့ ရာသီ ကြုံလာရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဘရိုက်တန်အား ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာရမှုနှင့်အတူ ၂ ရာသီဆက် ဆုဖလားလက်မဲ့ရာသီတစ်ခုနှင့် ကြုံလာရတော့မှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဩဂုတ်လတုန်းက ဂရမ်စဘီအား ရှုံးနိမ့်ကာ ခါရာဘောင်ဖလားမှ ထွက်ခွာထားရမှုနှင့်အတူ ပြည်တွင်းရှုံးထွက်ဖလား မျှော်လင့်ချက် အဆုံးသတ်သွားပါပြီ။
ယူနိုက်တက်ဟာ ယခု အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာရမှုနှင့်အတူ လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲတည်းသာ ကစားလာရတော့မှာ ဖြစ်လို့ ယခုရာသီ စုစုပေါင်း ပွဲ ၄၀ တည်းသာ ကစားလာရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၁၉၁၄-၁၅ ရာသီတုန်းက ၃၉ ပွဲ ကစားခဲ့ရပြီးနောက် တစ်ရာသီအတွင်း ပွဲအနည်းဆုံးကစားလာရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်တို့ နောက်ထပ် ပိုင်ဆိုင်လာတဲ့ မှတ်တမ်းဆိုးကတော့ ဥရောပပြိုင်ပွဲမရှိပေမယ့်လည်း ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ ၂ ရပ်ဖြစ်တဲ့ အက်ဖ်အေဖလားနှင့် လိဂ်ဖလား(ခါရာဘောင်)တို့တွင် ပထမအဆင့်မှပင် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာလာရပါတယ်။ ယူနိုက်တက်ဟာ ၁၉၈၁-၈၂ နောက်ပိုင်းတွင် အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့တွင် ပထမအဆင့်မှ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာလာရတာလည်း ဖြစ်ပါတယ်။
ယခုရာသီ ယူနိုက်တက်ရဲ့ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်အဖြစ် ပရီးမီးယားလိဂ်သာ ကျန်တော့ပေမယ့် ၁၇ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၁၇ မှတ်ကွာဟကာ အဆင့် ၇ နေရာမှာ ရပ်တည်နေရာ မဖြစ်နိုင်တဲ့အခြေအနေ ကြုံနေပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ အဆင့် ၄ နေရာမှ လီဗာပူးနှင့် ရမှတ် ၃ မှတ်တည်းသာ ကွာဟနေရာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြည့်အဝ မျှော်လင့်ချက် ရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရလာနိုင်သေးတဲ့ အဆင့် ၅ နေရာမှ ဘရိုက်တန်နှင့်လည်း တစ်မှတ်တည်းသာ ကွာဟနေပါတယ်။
ဒါပေမယ့် ယူနိုက်တက်အတွက် အခြေအနေ ပိုမိုးဆိုးရွားလာနိုင်တာကတော့ လာမယ့် ပရီးမီးယားလိဂ်ပွဲ ၂ ပွဲအဖြစ် မန်စီးတီးနှင့် အာဆင်နယ်တို့အား ရင်ဆိုင်ရမယ့်အရေး ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ စနေနေ့တွင် အိုးထရက်ဖို့ဒ်မှာ မန်စီးတီးကို ဧည့်ခံကစားပြီး တစ်ပတ်အကြာမှာ အာဆင်နယ်အား အဝေးကွင်းသိ့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

image