8 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ယာယီနည်းပြရာထူးအတွက် ဆိုးလ်ရှားကို ကျော်ဖြတ်ကာ မိုက်ကယ်ကာရစ် ရေပန်းစားနေ
=====================

မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ယာယီနည်းပြရာထူးအတွက် တိုက်ပွဲတွင် အောင်ပွဲဆင်လာမယ်လို့ ယုံကြည်ရတဲ့အနေအထားသို့ ရောက်နေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တနင်္လာနေ့တုန်းက ရူဘင်အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ရန် ပြီးခဲ့အပတ်အတွင်းတွင် မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့အား အင်တာဗျူးမှုများ ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယာယီနည်းပြရှာဖွေနေစဉ်အတွင်း ယူ-၁၈ နည်းပြဒါရင်းဖလက်ချာအား ၂ ပွဲကိုင်တွယ်စေခဲ့ရာမှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ကြုံထားရပါတယ်။
အသက် ၄၄ နှစ် ကာရစ်ဟာ ဆိုးလ်ရှားလက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ဆိုးလ်ရှား ထုတ်ပယ်ခံရချိန်တွင် ယာယီနည်းပြအဖြစ် ၃ ပွဲကြီးကြပ်ခဲ့ဖူးပါတယ်။ သူဟာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား သုံနှစ်နီးပါး ကိုင်တွယ်ခဲ့ပါတယ်။
အစောပိုင်းတုန်းက ဆိုးလ်ရှားက ယူနိုက်တက်ယာယီနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားခဲ့ပေမယ့်လည်း ယခုအခါ မိုက်ကယ်ကာရစ်က ရေပန်းစားနေပါတယ်။
ကာရစ်ဟာ ကြာသပတေးနေ့တုန်းက ယူနိုက်တက်ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်၊ အမှုဆောင်ချုပ်အိုမာဘာရာဒါတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ထိပ်ဆုံးမှ ရေပန်းစားလာတာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း အသင်းကို ကိုင်တွယ်ခဲ့ရာမှာ အောင်မြင်မှု မရလို့ ထုတ်ပယ်ခဲ့ဖူးတဲ့ ဆိုးလ်ရှားအား ပြန်လည်ခန့်အပ်လာရေးအပေါ် ဝေဖန်မှုများ ရှိနေမှုများနှင့်အတူ ကာရစ်ကို ခန့်အပ်ရေး အလေးအနက်ထား စဉ်းစားလာကြတာလည်း ဖြစ်ပါတယ်။
အသက် ၅၂ နှစ်ရှိ ဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
သူ့လက်ထက်တွင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တွင် အဆင့် ၂၊ အဆင့် ၃ နေရာတို့မှာ ရပ်တည်ခဲ့ပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့ပေမယ့်လည်း ဆုဖလားမရခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာတော့ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဆိုးလ်ရှားက ယူနိုက်တက်ကို ကိုင်တွယ်စဉ်အတွင်း ကာရစ်နှင့် လက်ရှိ အစ္စဝှစ်ချ်နည်းပြကီရန်မက်ကန်နာတို့က အသင်းကို နေ့စဉ် နည်းပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲတွင် ၅ ပွဲ ရှုံးနိမ့်ပြီး ဆိုးလ်ရှား ထုတ်ပယ်ခံရချိန်တွင် ကာရစ်က ယာယီနည်းပြအဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ဗီလာရီးရဲလ်နှင့် အာဆင်နယ်ကို အနိုင်ရပြီး ချဲလ်ဆီးကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပါတယ်။
ကာရစ်ဟာ ၂၀၁၈ ခုနှစ်နွေရာသီတွင် ကစားသမားဘဝမှ အနားယူပြီးနောက် ယူနိုက်တက်တွင် မော်ရင်ဟိုရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ပြီး နည်းပြဘဝစတင်ခဲ့တာလည်း ဖြစ်ပါတယ်၊
ယူနိုက်တက်ဟာ ယာယီနည်းပြသစ်အား လာမယ့် ၄၈ နာရီအတွင်း ခန့်အပ်လာမယ်လို့ ယုံကြည်ရပါတယ်။

image