2 ပတ် - ဘာသာပြန်ပါ။

ဒူးဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူရတော့မယ့် လီဗာပူးရဲ့ဘရက်ဒလေ
======================

လီဗာပူးနောက်ခံလူကော်နာဘရက်ဒလေဟာ ဒူးအရွတ်နှင့် အရိုးဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ရာသီအကုန်အထိ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ မြောက်အိုင်ယာလန်နောက်တန်းအစွန်လူဟာ ကြာသပတေးနေ့တုန်းက အာဆင်နယ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်ရဲ့ ပွဲနှောင်းပိုင်းတွင် ဘောလုံးရရှိရေး ပြေးလွှားစဉ် ဆိုးဆိုးရွားရွားလဲကျကာ ဒဏ်ရာရရှိခဲ့တာပါ။
ဘရက်ဒလေမှာ အတွင်းအရွတ်ဒဏ်ရာရရှိခဲ့ခြင်း မဟုတ်ပေမယ့်လည်း လာမယ့်ရက်အတွင်းတွင် ခွဲစိတ်ကုသမှုခံယူလာရပါမယ်။
နောက်တန်းအစွန်လူဟာ ယခုကဲ့သို့ ရာသီအကုန်အထိ အနားယူလာရမှုနှင့်အတူ မြောက်အိုင်ယာလန်သာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါကလည်း ပါဝင်ကစားရန် မရေမရာ ဖြစ်လာပါမယ်။
အာဆင်နယ်တိုက်စစ်သမားမာင်နယ်လီဟာ ကော်နာဘရက်ဒလေ ဒဏ်ရာရရှိနေစဉ် ဒေါသတကြီး အတင်းဆွဲကာ ကွင်းအတွင်းသို့ တွန်းထုတ်ခဲ့မှုအတွက် တောင်းပန်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။
အထက်ပါ အဖြစ်အပျက်ကြောင့် နှစ်ဖက်ကစားသမားများအားအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး မာတင်နယ်လီနှင့် ကိုနာတေးတို့ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
လီဗာပူးဟာ နွေရာသီတွင် ထရန်းအလက်ဇန္ဒားအာနိုး ထွက်ခွာသွားပြီးနောက် ဘရက်ဒလေကို အဓိကညာနောက်ခံလူအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆလော့ဟာ ဘရက်ဒလေ ဒဏ်ရာရရှိနေချိန်တွင် ဆိုဘိုဆလိုင်းအား ညာနောက်ခံလူအဖြစ် အသုံးပြုနေပါတယ်။
ယခုကဲ့သို့ ဘရက်ဒလေ ဒဏ်ရာရရှိလာမှုနှင့်အတူ ဆလော့ဟာ ဖရမ်းပေါင်အား အဓိကညာနောက်ခံလူအဖြစ် အသုံးပြုလာဖို့ ရှိနေပါတယ်။

image