အာဆင်နယ်ရဲ့ လျို့ဝှက်လက်နက်သစ်လား? လီဗာပူးတွင် ကလော့ပ်လက်အောက်တွင် အလုပ်လုပ်ခဲ့တဲ့ လက်ပစ်ဘောနည်းပြသစ်တစ်ဦးအား ငှားရမ်းလာ
===================

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး နောက်ကွယ်မှ ပံ့ပိုးပေးမယ့် အဖွဲ့ဝင်သစ်အဖြစ် လီဗာပူးလက်ပစ်ဘောနည်းပြဟောင်းသောမတ်စ်ဂရိုနီမတ်အား ငှားရမ်းလာပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်တွင် အလွတ်တည်ကန်ဘောမှ အခြိမ်းခြောက်နိုင်ဆုံး အသင်းများထဲမှ တစ်သင်း ဖြစ်ပြီး ယခုအခါ လက်ပစ်ဘောနည်းပြထပ်မံ ငှားရမ်းလာမှုနှင့်အတူ လက်ပစ်ဘောဖြင့်ပါ ဂိုးရရှိရေး ခြိမ်းခြောက်လာတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဆွတ်ခူးရေးတိုက်ပွဲဝင်ရန်အတွက် ဂရွန်နီမတ်အား ခေါ်ယူလာတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီတွင် အလွတ်တည်ကန်ဘောမှ ၁၂ ဂိုးအထိ ရရှိထားကာ အလွတ်တည်ကန်ဘောအန္တရာယ်အရှိဆုံးအသင်းများထဲမှ တစ်သင်းအဖြစ် ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒုတိယနေရာမှ မန်စီးတီးအား ရမှတ် ၆ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။
ဂရွန်နီမတ်မှာ ကမ္ဘာ့အကောင်းဆုံးလက်ပစ်ဘောနည်းပြများထဲမှ တစ်ဦးဖြစ်ပါတယ်။ သူဟာ ကလော့ပ်လက်အောက်တွင် လီဗာပူးမှာ ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံသားဟာ ကမ္ဘာ့အဝေးဆုံးလက်ပစ်မှတ်စံချိန်တင်ထားသူဖြစ်ပါတယ်။ သူဟာ လက်ပစ်ဘောအခြေအနေမှ တိုက်စစ်ကစားကွက်တည်ဆောက်ခြင်း၊ ဂိုးရရှိရေး ကြိုးပမ်းခြင်းတို့ ပြုလုပ်ရာမှာ အာဆင်နယ်ကို အကူအညီပေးလာတော့မှာလည်း ဖြစ်ပါတယ်။

image