နံနက် အိပ်ယာထချိန်တွင်
မိမိတို့အိမ်တွင်ရှိသောမြတ်စွာဘုရားကို မျက်နှာသစ်တော်ရေ၊
သောက်တော်ရေချမ်းကပ်ပါ။
မျက်နှာသစ်တော်ရေနှင့် သောက်တော်ရေချမ်း ကပ်လှူသောအခါ.........
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသောသဗ္ဗညုတမြတ်စွာဘုရားကို ဘုရားတပည့်တော်၊
တပည့်တော်မသည် ........
မျက်နှာသစ်တော်ရေနှင့် သောက်တော်ရေချမ်းကို သဒ္ဒါကြည်ဖြူစွာ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါသည် အရှင်မြတ်ဘုရား။
ဤကဲ့သို့လှူဒါန်းရသော ကုသိုလ်ကံ စေတနာကြောင့် ဘုရားတပည့်တော်၊
တပည့်တော်မ၏ စိတ်သည် တစ်နေ့တာလုံး ဤရေကဲ့သို့အေးမြပါစေ။
ပူပင်သောက ဟူသမျှသည် ပပျောက်၍ ဤရေကဲ့သို့ အေးချမ်းမှုရရှိပါစေ။
ဘုရားတပည့်တော်၊ ဘုရားတပည့်တော်မ
နှင့် ကြုံရဆုံရသမျှသော
ခုနစ်ရက်သားသမီး
အပေါင်း၏ ဘဝသည်လည်း
ဤရေကဲ့သို့ အေးချမ်းကြပါစေ။
ဘုရားတပည့်တော်၊ တပည့်တော်မ၏ ယခုပစ္စုပ္ပန်၊ အနာဂတ် ဘဝတစ်လျှောက်လုံး စိုးရိမ်ပူပင်ကြောင့်ကြမှုအစုစုတို့သည်..........
ဤမျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်း ကပ်လှူပူဇော် လှူဒါန်းရသောစေတနာ သဒ္ဒါတရားကြောင့်..........
ဘဝတစ်လျှောက်လုံး
မပူမပင် မကြောင့်မကြ အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ပါစေသား
အရှင်မြတ်ဘုရား။
နေ့စဉ်အမြဲတမ်း နံနက်တိုင်း ယုံကြည်စွာ ပြုလုပ်ပေးပါ။
ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်မှုသည် ယခု ဤဘဝတွင်သာ မကဘဲ နောင်ဘဝများစွာတည်ငြိမ်အေးချမ်းပြီး .............
နောင်ပွင့်တော်မူမည့်
အရိမေတ္တယျမြတ်စွာဘုရားရှင်ကို ဖူးတွေ့နိုင်ပြီးသာသနာပြုနိုင်သော
ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ
ဖြစ်ကြပါစေ။
#credit