အခု ထိုင်နေတာ ဘယ်နှစ်နာရီ ရှိပြီလဲ?
**********************************
သင့်ထိုင်ခုံက သင့်ကျန်းမာရေးကို တိတ်တဆိတ်
ဒုက္ခပေးနိုင်ပါတယ်!
-
ကျွန်တော်တို့ အလုပ်လုပ်နေရင်း ဒါမှမဟုတ် ဖုန်းကြည့်နေရင်းနဲ့
နာရီပေါင်းများစွာ ထိုင်နေမိတတ်ကြပါတယ်။
-
ဆေးပညာလောကမှာတော့ "Sitting is the new smoking"
(အထိုင်များတာဟာ ဆေးလိပ်သောက်တာလိုပဲ အန္တရာယ်ရှိတယ်)
လို့တောင် တင်စားလာကြပါပြီ။
-
ဘာကြောင့် အထိုင်များတာက ကြောက်စရာကောင်းတာလဲ?
-
🔴 ၁။ နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေတယ်
-
🔴 ၂။ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာတယ်
-
🔴 ၃။ ခန္ဓာကိုယ် ပုံပျက်ခြင်းနဲ့ နာကျင်ကိုက်ခဲခြင်း
-
🔴 ၄။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတယ်
-
အကြံပြုချက် (၃) ခု
-
၁။ နာရီဝက် (သို့) မိနစ် ၂၀ တိုင်းမှာ အနည်းဆုံး
၂ မိနစ်လောက် မတ်တပ်ရပ်ပြီး
လမ်းလျှောက်ပါ (သို့) ခြေလက်ဆန့်ပါ။
-
၂။ ရေများများသောက်ပါ: ရေများများသောက်တဲ့အခါ
ဆီးခဏခဏ သွားချင်လာပါလိမ့်မယ်။ ဒါက သင့်ကို
မတ်တပ်ရပ်ပြီး လမ်းလျှောက်ဖို့ အလိုလို တိုက်တွန်းပေးပါလိမ့်မယ်။
-
၃။ မတ်တပ်ရပ်ပြီး အလုပ်လုပ်ပါ: အခုနောက်ပိုင်း ခေတ်စားလာတဲ့
Standing Desk တွေ သုံးကြည့်ပါ (သို့) ဖုန်းပြောတဲ့အခါ
မတ်တပ်ရပ်ပြီး ပြောပေးပါ။
-
ကျန်းမာရေးဆိုတာ ငွေနဲ့ ဝယ်လို့မရပေမယ့်
"အလေ့အကျင့်" လေးတွေနဲ့တော့ တည်ဆောက်လို့
ရပါတယ် ။
-
အခု ဒီပို့စ်ကို ဖတ်နေရင်း ထိုင်နေတာ ကြာနေပြီဆိုရင်
အခုချက်ချင်းပဲ "ထပြီး လမ်းလျှောက်လိုက်ကြရအောင်"
-
-
ဒေါက်တာရဲ
#credit

image