ာဃ ဂု(ပ်)သ န၀ရာသ်ရီး မယ်တော်ပူဇော်ပွဲ။
န၀ရာသ်ရီးဆိုသည်မှာ အမျိုးသမီးစွမ်းအားဖြစ်သော ရှက်သီးအား တန်ဖိုးထားသောအားဖြင့် ပူဇော်သော ဘုရားပွဲတော်ဖြစ်ပါတယ်။
တစ်နှစ်တာကာလတွင် ၄ ကြိမ် ကျရောက်ပြီး ယခုန၀ရာသ်ရီးဟာ ရှ(က်)သ မယ်တော့်သာ၀ကများအတွက် အထူး လေးနက်သော ပွဲတော်ဖြစ်ပါတယ်။
ထို့အပြင် ဤန၀ရာသ်ရီးကာလတွင် ဗဆန့်သ် ပန်ကျမီးကျရောက်ပြီး အသိပညာ၊ အပြောအဆိုတို့၌ ထူးချွန်ကောင်းမွန်အောင်မြင်စေရန် ဆရဆွသီးမယ်တော်အား ပူဇော်ကြပါတယ်။
ယခုနှစ် ၂၀၂၆ အတွက် မာဃ ဂု(ပ်)သ န၀ရာသ်ရီးသည် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဇန်နဝါရီလ (၂၈) ရက်နေ့အထိ ကျရောက်မည်ဖြစ်သည်။
- ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ကလက်ရှ်အိုးစတင်ထားရှိပြီး မငြိမ်းမီးပါ စတင်ထွန်းညှိရမည်ဖြစ်သည်။
ကလက်ရှ်အိုးစတင်ထားရှိရန် အချိန်မြတ်မှာ နံနက် ၆ နာရီ ၃၈ မိနစ်မှ ၁၀ နာရီ ၂၃ မိနစ်အထိဖြစ်ပြီး ၃ နာရီ ၄၅ မိနစ်ကြာမြင့်မည်ဖြစ်သည်။
မငြိမ်းမီးစတင်ထွန်းညှိရမည့်အချိန်မှာ နံနက် ၁၁ နာရီ ၅၄ မိနစ်မှ နေ့လယ် ၁၂ နာရီ ၃၉ မိနစ်အထိ ၄၅ မိနစ်တိတိ ကြာမြင့်မည်ဖြစ်သည်။
ရှဲလ်ပွသ်ရီး ပူဂျားပြုလုပ်ရမည်ဖြစ်သည်။
- ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ဗရဟ်မာကျာရိဏီပူဂျားပြုလုပ်ရမည်ဖြစ်သည်။
- ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ကျန္ဒြဂန္တာ ပူဂျားပြုလုပ်ရမည်ဖြစ်သည်။
- ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကုရှ်မန်ဒါ ပူဂျားပြုလုပ်ရမည်ဖြစ်သည်။
- ဇန်နဝါရီလ (၂၃) ရက်နေ့တွင် စကန္ဒမာသား ပူဂျားပြုလုပ်ရမည်ဖြစ်သည်။
ဤနေ့တွင်ပင် ဗဆန့်သ် ပန်ကျမီး ခ) ဆရဆွသီးပူဂျားကျရောက်မည်ဖြစ်သည်။
- ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ကာသ်ယာယနီး ပူဂျားပြုလုပ်ရမည်ဖြစ်သည်။
- ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကာလ်ရာသ်ရီး ပူဂျားပြုလုပ်ရမည်ဖြစ်သည်။
- ဇန်နဝါရီလ (၂၆) ရက်နေ့သည် အာရှ်တမီးနေ့ဖြစ်ပြီး ဒုရ်ဂါ အာရှ်တမီး၊ မဟာဂေါ်ရီ ပူဂျားပြုလုပ်ရမည်ဖြစ်သည်။
ဆန်ဒီးဟ်ပူဂျားပြုလုပ်လိုသူများအတွက် ဤအာရှ်တမီးနေ့မြတ်တွင် ကျန္ဒ၊ မွန္ဒအား အောင်နိုင်တော်မူသော ကျာမွန္ဒာမယ်တော်အား ပူဇော်ရန်
ဆန်ဒီးဟ်ပူဂျားအချိန်မြတ်သည်
ည ၉ နာရီ ၅၃ မိနစ်မှ ည ၁၀ နာရီ ၄၁ မိနစ်အထိ ကြာချိန် ၄၈ မိနစ်ဖြစ်သည်။
- ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စစ္ဒိဓါးတြီ ပူဂျားပြုလုပ်ရမည်ဖြစ်ပြီး
- ဇန်နဝါရီလ (၂၈) ရက်နေ့ နံနက် ၆ နာရီ ၃၇ မိနစ်ကျော်လျှင် မာဃ ဂု(ပ်)သ န၀ရာသ်ရီး ဥပုသ်မှ ထွက်၍ ရပြီဖြစ်သည်။
#hrk