ထိုင်းရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံမှ မြန်မာလုပ်သား ၃၈ ဦး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် အုန်းယိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်အလုပ်ရုံတစ်ရုံရှိ မြန်မာအလုပ်သမား ၃၈ ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်လိုက်သည့်အတွက် ကူညီပေးနေကြောင်း MHAC အဖွဲ့မှ သိရသည်။
စက်ရုံသူဌေးဘက်မှ အလုပ်သမားများ၏ နစ်နာမှုများကို တာဝန်မယူပေးသဖြင့်နယ်မြေခံ စဝါဒီကန်ရုံး၌ ဇန်နဝါရီ ၇ ရက်တွင် အမိန့်စာထုတ်ယူကာ နောက်ထပ်ရက်ချိန်းတစ်ခုအား ထပ်မံ သတ်
မှတ်ခဲ့ကြောင်း MHAC အဖွဲ့မှ သိရသည်။
၎င်းရက်အတွင်း လုပ်ငန်းရှင်မှ လာရောက်မဖြေရှင်းပါက တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ပြီး အမှုပြီးဆုံးသည်အထိ အလုပ်သမားများနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MHAC အဖွဲ့မှ သိရသည်။
၎င်းအလုပ်သမားများသည် လုပ်သက် သုံးလကျော်မှ နှစ်ပေါင်း၂၀ ကျော် သက်တမ်းရှိကြပြီး နစ်နာကြေးရရှိရန် အလုပ်သမားများနှင့်အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် နယ်မြေခံစဝါဒီကန် အလုပ်သမားရုံး၌အမှုဖွင့်ကာ တိုင်ကြားခဲ့ကြောင်း သိရသည်။