ကျိုက်ထီးရိုး တောင်တက်ကားများ ပြေးဆွဲချိန်ပိုမိုတိုးမြှင့် ပြေးဆွဲပေးသွားရန် စီစဉ်နေ

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် ဘုရားဖူးခရီးသည်များ အဆင်ပြေစေရန်တောင်တက်ကားပြေးဆွဲချိန်ကိုပိုမိုတိုးမြှင့်ပြေးဆွဲပေးသွားရန် စီစဉ်နေကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော် နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိ၌ ဘုရားဖူးခရီးသည်များအတွက် နေ့စဉ် နံနက် ၆ နာရီမှညနေ ၆ နာရီအထိ တောင်တက်ကား ၁၅၂ စီးဖြင့် ပြေးဆွဲ ပေးနေခြင်းဖြစ်ကာ ဘုရားဖူးခရီးသည်များ ယခုထက် ပိုများလာပါက အချိန်တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၆၉၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

image