၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွက် အလုပ်သမားစေလွှတ်၊ လချုပ်စာရင်းများ အချိန်မီတင်ပြရန် ကျန်ရှိသော အေဂျင်စီ ၄၆ ခုရှိ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွက် အလုပ်သမားစေလွှတ် လချုပ်စာရင်းများ အချိန်မီတင်ပြရန် ကျန်ရှိသောအေဂျင်စီ ၄၆ ခုရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ပြည်ပနိုင်ငံအသီးသီးသို့ အလုပ်သမား စေလွှတ်ခြင်းအတွက် အေဂျင်စီများသည် လစဉ်စေလွှတ်လုပ်သားစာရင်းများတင်ပြရန် ညွှန်ကြားထားသော်လည်း ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွက် အလုပ်သမားစေလွှတ် လချုပ်စာရင်းများ အချိန်မီတင်ပြရန် လိုအပ်သော အေဂျင်စီ ၄၆ခုရှိကြောင်း သိရသည်
လိုင်စင်ရ အေဂျင်စီများသည်နိုင်ငံအလိုက် မိမိတို့စေလွှတ်ခဲ့သောအလုပ်သမားတစ်ဦးချင်းစီ၏ အမည်၊မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊နိုင်ငံကူးလက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ် လိပ်စာ၊ ပြည်ပသို့ သွားရောက်သည့် နေ့စွဲ၊ ပြည်ပတွင် အလုပ်လုပ်နေသည့် အလုပ်အကိုင်နှင့် နေရပ်လိပ်စာ စသည်များကို စာရင်းပြုစုပြီးအလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ရကြောင်း သိရသည်။
ကျန်ရှိနေသေးသော အေဂျင်စီများအနေဖြင့် အချိန်မီစာရင်း မပေးပို့နိုင်ပါက ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

image