ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲ
------------------------

ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နဲ့ အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လုံခြုံရေးအခြေအနေအရ ယာယီရပ်နားခဲ့တဲ့ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းက ရထားခရီးစဉ်တွေ ဇန်နဝါရီ ၁၁ ရက်မှာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီ ဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
ရန်ကုန်- ပြည်တော်-မန္တလေး အမှတ်(၃၁)အဆန် DEMU ရထားနဲ့ ရန်ကုန်-မန္တလေး အမှတ်(၁၁) အဆန် အမြန် ရထားနှစ်စင်းလုံးရဲ့ ခရီးစဉ်တွေကို ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ လုံခြုံရေးအခြေအနေ ပြေးဆွဲမှုတွေကို ယာယီရပ်နားခဲ့တာ ဖြစ်ပါတယ်။ ရထားခရီးစဥ်တွေ ယာယီရပ်နားခဲ့တဲ့အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူတွေကိုလည်း လက်မှတ်ခငွေတွေ ပြန်လည်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုအခါ ယာယီရပ်နားခဲ့တဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွေကို ဇန်နဝါရီ ၁၁ ရက်၊ မနက်ပိုင်း ရထား ခရီးစဉ် ကနေ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက် က ပြောပါတယ်။

image