သီပေါမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများဖော်ထုတ်ဖမ်းဆီး
မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ (၇) နေရာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ကျန်ပစ္စည်းများကို ဆက်လက်ဖော်ထုတ်ဆဲဖြစ်
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသအတွင်း ဇန်နဝါရီ (၈) ရက်နေ့က နယ်မြေလုံခြံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ဝင်ပါဝင်သည့်စစ်ကြောင်သည် နားလင်းကျေးရွာအနီးတွင် တို-က်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ထွက်ပြေးဆုတ်ခွာသည့်အတွက် လိုက်လံရှင်းလင်းစဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်သည့်နေရာကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နားလင်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၉၀၀၀) ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများလုပ်ကိုင်ခဲ့သည့် အလျား (၄၀) ပေ အနံ (၃၀) ပေရှိ သွပ်မိုးကာ လူနေအဆောက်အအုံ (၂) လုံးအတွင်းက ကွန်ပျုတာ laptop 18 လုံး၊ Desktop ၃၅ လုံး၊ ဖုန်းမျိုးစုံ ၁၁ လုံး နှင့် Star link ၅ လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်ချိန် မီတာ (၈၀၀) ခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာတစ်ခုကို တွေ့ရှိပြီး မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာတွင် အသုံးပြုသည့် ဆေးပြားရိုက်စက် (၂) လုံး၊ဆေးမွှေစက် (၁) လုံး ဆေးပြားရေတွက်စက်၊ အိုက်စ် ၂ ကီလိုဂရမ်၊ ဆေးပြားရိုက်ရန်ရောစပ်ထားသည့် အနှစ် ၁၀ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်းများ နှင့်အတူ SSA တံဆိပ်ပါ ယူနီဖောင်းနှင့် ဦးထုပ် ၁ လုံး အဆောက်အုံများနှင့် ဆက်စပ်ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ နောက်ဆက်တွဲ အနေဖြင့် ဇန်နဝါရီ (၁၀) ရက်နေ့ ၌ လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မိုင်းရယ်မြို့နယ်တွင်လည်း နေရာ (၃) ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရှင်များဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကြောင့် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် (၂၆,၀၀၀) မီတာခန့်အကွာ မန်ဖြတ်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာကို အဆောက်အအုံများ မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်ပစ္စည်းများ နှင့် အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုနောက် ဇန်နဝါရီ ၁၁ ရက်နေ့တွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် မီတာ (၂၀,၀၀၀) ခန့်အကွာ ၌ မူးယစ်ဆေးဝါးချက်လုပ်သည့် ဒုတိယနေရာကို ပလစ်စတစ်ကာအဆောက်အုံ ၅၀ လုံး နှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ နှင့် အတူ တရားခံ (၆) ဦး နှင့် SSA တံဆိပ်ပါ ယူနီဖောင်း နှင့် တံဆိပ်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုနောက် မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိကနေရာ (၇) နေရာကိုလည်း ရောက်ရှိရှင်းလင်းခဲ့ပြီး မူးယစ်ဆေးဝါးချက်လုပ်သည့် တဲနှင့်ဆက်စပ်ပစ္စည်းထားသည့် ဂိုဒေါင် (၃၃) လုံးကိုတွေ့ရှိရပြီး စိစစ်ပြီးအချန်ထိ ဂတ်စ်အိုးမျိုးစံဒ ၄၄၃ လုံး၊ဖိုင်ဘာပေပါ ၁၃၁၂ လုံး၊ သံပေပါ ၃၃၆ လုံး၊ အခြောက်ခံဗန်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည် ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပြီး စနစ်တကျ ဖျ-က်ဆီးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင်ပတ်သက်သူများကိုလည်း အရေးယူဆောင်ရွက်ခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။