အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ဇတ်ဇီးရဲ့ ရိုးမားအပြောင်းအရွှေ့ ပျက်ပြယ်လာ
======================

ရိုးမားအားကစားဒါရိုက်တာက ဂျိုရှာဇတ်ဇီးရဲ့ ဆောင်းရာသီတွင် အီတလီမြို့တော်သို့ ပြောင်းရွှေ့ကစားရေး ပျက်ပြယ်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
နယ်သာလန်တိုက်စစ်မှူးဟာ နည်းပြရူဘင်အမိုရမ်လက်အောက်တွင် မိနစ် ၅၀၀ ခန့်သာ ကစားခွင့် ရရှိပြီးနောက် ဇန်နဝါရီတွင် ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းသို့ ပြောင်းလိုနေခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ တနင်္လာနေ့တုန်းက ရူဘင်အမိုရမ်အား ထုတ်ပယ်ကာ နည်းပြအပြောင်းအလဲ ပြုလုပ်လာမှုနှင့်အတူ ဇတ်ဇီးရဲ့ ရိုးမားသို့ ပြောင်းရေးမှာလည်း ပျက်ပြယ်လာပါတယ်။
အသက် ၂၄ နှစ်ရှိ ဇတ်ဇီးဟာ ၂၀၂၄ ခုနှစ်တွင် ယူနိုက်တက်သို့ ရောက်လာပြီးနောက် ပြီးခဲ့တဲ့ ၁၈ လကာလလုံး ရုန်းကန်လာခဲ့ရသူ ဖြစ်ပြီး ယခုရာသီတွင် ၂ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
သူဟာ ယူနိုက်တက်အတွက် ၆၄ ပွဲကစားထားရာတွင် ၉ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ပွဲ ၄၆ ပွဲတွင် ၅ ဂိုးသာ သွင်းထားနိုင်ပါတယ်။
ယခုအခါ ရိုးမားအားကစားဒါရိုက်တာရစ်ကီမာဆာရာက "ဇတ်ဇီးနဲ့ပတ်သက်ပြီး ပြောရရင် အခုအချိန်မှာ ယူနိုက်တက်ဘက်က အပြောင်းအရွှေ့ဆွေးနွေးမှုအားလုံး ပိတ်လိုက်ပါပြီ။ နည်းပြအပြောင်းအလဲ ဖြစ်တော့ သူတို့က ဘာလှုပ်ရှားမှုမှ မလုပ်ချင်တော့ဘူး။ သူတို့ စိတ်ပြောင်းသွားကြပါပြီ"လို့ ပြောကြားသွားပါတယ်။
ဇတ်ဇီးဟာ အမိုရမ်လက်အောက် ၄၆ ပွဲတွင် ၁၉ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၈ ဂိုးသွင်းထားနိုင်ပါတယ်။

image