4 ရက် - ဘာသာပြန်ပါ။

အပျော်တမ်းကလပ်ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ပရိသတ်များနှင့် အချင်းများခဲ့တဲ့ ပဲလေ့စ်အသင်းခေါင်းဆောင်
====================

ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီဟာ အပျော်တမ်းကလပ် မက်ကယ်ဖီးလ်ကို အက်ဖ်အေဖလားတတိယအဆင့်တွင် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ အရှက်တကွဲ ထွက်ခဲ့ရပြီးနောက် ပရိသတ်များနှင့် အချင်းများခဲ့တာ တွေ့ရပါတယ်။
လက်ရှိချန်ပီယံ ပဲလေ့စ်ဟာ ဆီမီးပရို ဆဌမတန်းကလပ် မက်ကယ်ဖီးလ်အား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်များ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။
ပဲလေ့စ်ဟာ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီရဲ့ ညီဖြစ်သူ ဂျွန်ရွန်းနီ ကိုင်တွယ်နေတဲ့ မက်ကယ်ဖီးလ်အား ၂-၀ ဂိုးဖြင့် နောက်ကလိုက်ကစားခဲ့ရပြီး ပွဲပြီးခါနှစ်သိမ့်ဂိုးကြောင့် ၂-၁ ဖြင့် အရေးနိမ့်ခဲ့တာပါ။
အသင်းခေါင်းဆောင်ဂူဟီဟာ ပွဲအပြီးတွင် ယင်းပွဲကို ချီရှိုင်းယားအထိ လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်အနည်းငယ်ထံသို့ သွားရောက်ကာ စကားပြောခဲ့ပါတယ်။
ပရိသတ်များဟာ အရှက်တကွဲရှုံးပွဲကြောင့် အကြီးအကျယ်‌ဒေါသထွက်နေခဲ့ကြတာ တွေ့ရပြီး ဒေါသတကြီး ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ယင်းနောက် ပဲလေ့စ်နည်းပြအဖွဲ့ဝင်အချို့တို့ ရောက်လာကာ ဖြေဖျန်မှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ပဲလေ့စ်ဟာ ပြီးခဲ့တဲ့နှစ်မေလတုန်းက ကလပ်သမိုင်းတွင် ပထမဆုံးဆုဖလားအဖြစ် မန်စီးတီးကို အနိုင်ရရှိကာ အက်ဖ်အေဖလား ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ယခုအခါ အပျော်တမ်းကလပ်အား ရှုံးနိမ့်ကာ ဆိုးရွားတဲ့ သမိုင်းကြောင်း ပိုင်ဆိုင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ဂူဟီဟာ ဇန်နဝါရီတွင် မန်စီးတီးနှင့် လီဗာပူးတို့ရဲ့ ပစ်မှတ်ထားခြင်းခံနေရသူ ဖြစ်ပြီး အသင်းပြောင်းရွှေ့လာပါက အက်ဖ်အေဖလား ဆွတ်ခူးလာနိုင်ပါသေးတယ်။

image