4 ရက် - ဘာသာပြန်ပါ။

လက်ရှိအက်ဖ်အေဖလားချန်ပီယံပဲလေ့စ်ကို အနိုင်ရပြီးနောက် အပျော်တမ်းကလပ်မက်ကယ်ဖီးလ်ကစားသမားများအား အိုင်ဘီဇာသို့ ပို့ဆောင်လာမယ့် အသင်းပိုင်ရှင်
=====================

မက်ကယ်ဖီးလ်ပိုင်ရှင်ရော့ဘ်စမီသာ့စ်က အက်ဖ်အေဖလားပြိုင်ပွဲသမိုင်းတွင် အကြီးကျယ်အံ့ဩစရာရလဒ်အဖြစ် လက်ရှိချန်ပီယံပဲလေ့စ်အား အနိုင်ရရှိပြီးနောက် ကစားသမားများအား အိုင်ဘီဇာကမ်းခြေသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း ပြောကြားလာပါတယ်။
စမီသာ့စ်ဟာ အပျော်တမ်းကလပ် မက်ကယ်ဖီးလ်အား ၂၀၂၀ ခုနှစ်တုန်းက ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဆဌမတန်းအသင်းကို ပိုင်ဆိုင်တဲ့ ငါးနှစ်တာကာလအတွင်း အကြီးကျယ်ဆုံးအောင်ပွဲအဖြစ် မနေ့တုန်းက လက်ရှိ အက်ဖ်အေဖလားချန်ပီယံ ပဲလေ့စ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။
အသင်းပိုင်ရှင်ဟာ ကလပ်သမိုင်းတွင် နာမည်ကျော်အောင်ပွဲအား မြင်တွေ့ခဲ့ရပြီးနောက် ကစားသမားများအား အိုင်ဘီဇာကမ်းခြေသို့ ပို့ဆောင်ကာ အောင်ပွဲခံရန် စီစဉ်လိုက်ပြီလည်း ဖြစ်ပါတယ်။
စမာသာ့စ်က "မယုံကြည်နိုင်စရာ အဖြစ်အပျက်တွေပါ။ အိပ်မက်ထဲမှာ ကြုံရတာတွေ။ ပြောစရာစကားမရှိပါဘူး။ ကွင်းထဲသို့ မက်ကယ်ဖီးလ်ပရိသတ်တွေ ပြေးဝင်လာတာ မြင်ရတော့ လူတွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ မြင်ခဲ့ရတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဒီကလပ်ကို ဝယ်တုန်းက ဒီကနေ့လို အဖြစ်အပျက်မျိုး ကြုံလာရလိမ့်မယ်လို့ မထင်မှတ်ထားမိခဲ့ဘူး။ လေးရက်ဆက် အရက်သောက်ပြီးတဲ့နောက် Rightmove ဆီကနေ ဝယ်ခဲ့တယ်။ ဘယ်လို ဝယ်လိုက်လဲဆိုတာ မမှတ်မိတော့ဘူး။ အခု ရောက်နေတဲ့ နေရာ ကြည့်လိုက်တော့ တကယ့်ကြီးကျယ်တယ်။ ကောင်လေးတွေကို အိုင်ဘီဇာပို့ဖို့ စီစဉ်ထားပြီးပါပြီ"လို့ ပြောကြားသွားပါတယ်။

image