4 ရက် - ဘာသာပြန်ပါ။

ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေကြောင့် ချာလ်တန်နှင့် ချဲလ်ဆီးတို့ရဲ့ အက်ဖ်အေဖလားပွဲစဉ် ရပ်ဆိုင်းခဲ့ရ
====================

ချာလ်တန်နှင့် ချဲလ်ဆီးတို့ရဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အတွင်းတွင် ပွဲကြည့်စင်တွင် ဆေးဘက်ဆိုင်ရာအရေးပေါ် ဖြစ်ရပ်ဖြစ်ပွားမှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
ဆေးအဖွဲ့ဝင်များက အရေးပေါ် အခြေအနေဖြစ်နေတဲ့ အိမ်ရှင်ပွဲကြည့်စင်သို့ သွားရောက်ကာ အကူအညီပေးနေချိန်တွင် နှစ်ဖက်အသင်းတို့ ပွဲကစားတာ ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
အထက်ပါ ဆေးဘက်ဆိုင်ရာ အရေးအခြေအနေကြောင့် ပွဲကို ငါးမိနစ်ခန့် ရပ်ဆိုင်းခဲ့ရပါတယ်။
လက်ရှိအချိန်တွင် ပွဲကြည့်စင်တွင် မည်သည့်ဆေးဘက်ဆိုင်ရာအရေးပေါ် အခြေအနေ ဖြစ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လူတစ်ဦးကို ဆေးအဖွဲ့က အောက်ဆီဂျင်မျက်နှာဖုံးတပ်ဆင်ပြီး လူနာတင်ထမ်းစင်ဖြင့် ခေါ်ဆောင်သွားခဲ့တာတော့ တွေ့ရပါတယ်။
ယင်းအခြေအနေ ဖြစ်ပေါ်နေချိန်တွင် ပွဲမှာ ဂိုးမရှိသရေကျနေတဲ့ ပွဲချိန် ၉ မိနစ်တွင် ဖြစ်ပျက်ခဲ့တာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ နည်းပြသစ်လီယမ်ရိုစီနီယာပထမဆုံးကိုင်တွယ်တဲ့ပွဲတွင် ဟာတို၊ အဒါရာဘိုင်အိုယို၊ ဂူလူ၊ နီတို၊ ဖာနန်ဒက်ဇ်တို့ရဲ့ ဂိုးဖြင့် ချာလ်တန်အား ၅-၁ ဖြင့် အနိုင်ရရှိကာ အက်ဖ်အေဖလားစတုတ္ထအဆင့်သို့ တက်ခဲ့ပါတယ်။

image