4 ရက် - ဘာသာပြန်ပါ။

မန်စီးတီးအတွက် ပထမဆုံးကစားတဲ့ပွဲမှာ ကိုယ်တိုင်ဂိုးသွင်းသလို ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တဲ့ ဆီမန်ယို
=======================

အန်တိုနီဆီမန်ယိုဟာ မန်စီးတီးအတွက် ပထမဆုံးကစားတဲ့ လိဂ် ၁ ကလပ် အက်စတာစီးတီးနှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင် ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို ကစားဖော်ဂိုးသွင်းနိုင်ဖို့အတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဆီမန်ယိုဟာ သောကြာနေ့တွင် ဘုန်းမောက်မှ ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့် ပြောင်းလာပြီးနောက် တစ်ရက်အကြာတွင် အက်စတာနှင့်ပွဲစဉ်တွင် ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။
ယခုရာသီတွင် အဝါကတ် ၃ ကတ်ပြသခြင်းခံထားရမှုကြောင့် ၁ ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ ဂွါဒီယိုလာဟာ အသင်းငယ်လေးနှင့် ရင်ဆိုင်ကစားရပေမယ့်လည်း တောင့်တင်းတဲ့ လူစာရင်းနှင့် ပွဲထွက်ခဲ့ပြီး ၁၀-၁ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။
မနေ့ညက ပွဲတွင် မန်စီးတီးအတွက် ဂိုးများကို အယ်လေနီ၊ ရိုဒရီ၊ ဒွိုင်လီဟာယက်စ်(OG)၊ ဇစ်ဝါတား(OG)၊ လီဝစ်(၂ဂိုး)၊ ဆီမန်ယို၊ ရိုင်ဒါ၊ အိုရီလေ၊ မက်အေဒိုးတို့က သွင်းယူခဲ့ကြပါတယ်။ အက်စတာအတွက် နှစ်သိမ့်ဂိုးကို ပွဲပြီးခါနီးမှာ ဘတ်ချ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ၁၉၈၇ ခုနှစ် နိုဝင်ဘာလတုန်းက ဒုတိယတန်းကလပ် ဟက်ဒါဖီးလ်တောင်းကို ၁၀-၁ ဖြင့် အနိုင်ရခဲ့ပြီးနောက် အကြီးမားဆုံးနိုင်ပွဲ ရခဲ့တာလည်း ဖြစ်ပါတယ်။
ဆီမန်ယိုဟာ မန်စီးတီးသို့ ရောက်လာပြီးနောက် ဘုန်းမောက်ပရိသတ်များအား စနေနေ့ထွက် Bournemouth Echo သတင်းစာတွင် စာမျက်နှာပြည့်ဖြင့် နှုတ်ဆက်စကား ပြောဆိုခဲ့မှုအတွက် ချီးကျူးခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ဘုန်းမောက်အတွက် ပွဲ ၁၁၀ ကစားခဲ့ရာမှာ ၃၂ ဂိုးသွင်းပြီး ၁၃ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
သူဟာ Bournemouth Echo သတင်းစာတွင် သူ့ပုံကို အသုံးပြုပြီး “To all the fans at AFC Bournemouth, thank you for all the memories. I wish you all the best.” ဆိုတဲ့ စာသားဖြင့် ပရိသတ်များကို နှုတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

image