မောင်လေး အစ်မကို အရက်တစ်ခွက်လောက်
Grammy က ပွဲစလုပ်တုန်းကတော့ အနုပညာရှင်တွေဟာ စားပွဲနဲ့ထိုင်ကြတာပါ စားပွဲပေါ် အစားအသောက်အကုန်ပြင်ပေးပြီးသား ။ အခုလည်း စားပွဲနဲ့ ပြန်ဖြစ်သွားပေမယ့် ကြားကာလ အထူးသဖြင့် ၁၉၇၀ ကနေ ၂၀၂၀ လောက်အထိ ဖြစ်မယ်ထင်တယ် စားပွဲနဲ့မလုပ်ပဲ ဇာတ်ရုံသဘောမျိုး ခုံတန်းနဲ့ပဲလုပ်တယ်။
ပွဲခဏနားချိန် တိုက်ရိုက်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေမှာ ကြော်ငြာထိုးတော့မယ့်အချိန်ဆို တက်လာတဲ့ အနုပညာရှင်တွေက အဆာပြေစား ရေသောက် ရှက်ကီထု လုပ်ရတယ်။ အချိန်ကိုက်လုပ်ရတာဖြစ်လို့ ကြော်ငြာထိုးချိန်ပြီးပြီ အားလုံးပဲ သရီး တူး ဝမ်း ဂိုး ဆိုတာနဲ့ ကိုယ့်ခုံကိုယ်ပြန်ထိုင်ရတယ် ဒီတော့ တချို့ကလည်း စင်နောက်သွားယူလိုက်တာရှိသလို စားပွဲထိုးလေးတွေဝင်လာတာကို တောင်းကြတာလဲရှိတော့
တိုက်တိုက်ဆိုင်ဆိုင်ပဲ Ed ဝတ်လာတာကိုလည်းကြည့်လိုက်ပါဦး။ ပွဲနားချိန်ရောက်တော့ ရှေ့ကနေ ဖြတ်သွားတာမြင်တော့ Gaga က " မောင်လေးရေ အစ်မကို အရက်တစ်ခွက်လောက် " တဲ့
Ed က " အစ်မ ကျွန်တော် Ed ပါ " ဆိုတော့
" အေးမောင်လေး Ed ရေ လုပ်ပါဟယ် တစ်ခွက်လောက် " တဲ့
" အစ်မရေ ကျွန်တော် Ed Sheeran ပါ " ဆိုမှ ကြည့်ပြီး ဟယ် ဟုတ်သား ဆိုပြီးဖြစ်သွားတယ်တဲ့ ။
အစက SNS ပေါ်ပျံ့နေတဲ့ ယုံတမ်းထင်နေခဲ့ပေမယ့် ဒါတကယ်ဖြစ်ခဲ့တာပါတဲ့။ သိချင်တာတစ်ခုက အဲ့တစ်ခွက်ဂါဂါသောက်လိုက်ရလား မသောက်လိုက်ရဘူးလားဆိုတာပဲ ဝမ်းတူးသရီးဂိုးဆိုတာနဲ့ ထိုင်ရတော့မှာဆိုတော့သောက်မှသောက်လိုက်ရပါ့မလားမသိ