သမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးကို နိုင်ငံတော် ယာယီသမ္မတဖူးမြှော်ကြည်ညို
စေတီတော်ပရိဝုဏ်နှင့် သာသနိကအဆောက်အဦးများအတွင်း ရေဝင်ရေထွက်ကောင်းမွန်စေရေးဆောင်ရွက်ရန်မှာကြား
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၉ ရက်က ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညိုခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ စေတီတော်ရင် ပြင်တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ပရိဝုဏ်နှင့် သာသနိကအဆောက်အဦးများအတွင်း ရေဝင်ရေထွက်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ္ပါယ်ကြည်ညိုဖွယ်ဖြစ်စေရေးဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ရာသီဥတုဒ-ဏ်ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ ဘုရားဖူးလာသူများ အဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရေးစီမံဆောင်ရွက်ရန်နှင့်မှာကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူခဲ့ကြပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြသည်။