နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင်ပြုလုပ်မည့် တရား ရုံးကြားနာပွဲ၌ မြန်မာနိုင်ငံက (၂)ကြိမ်လျှောက်လဲမည်
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိပြုလုပ်မည့် တရားရုံးကြားနာပွဲတက်ရောက်ရန် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားရုံးကြားနာပွဲ၌ မြန်မာနိုင်ငံအနေဖြင့် ဇန်န ဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန် နဝါရီ ၂၉ ရက်အထိ နှစ်ကြိမ်လျှောက်လဲမည်ဖြစ် ကြောင်း သိရသည်။