KK Park နယ်မြေမှ တရားမဝင်အဆောက်အအုံအားလုံးကို ရာနှုန်းပြည့်စနစ်တကျဖြိုချဖျ-က်ဆီးပြီးဖြစ်

ကရင်ပြည်နယ်၊ မြဝတီ-မဲထော်သလေး KK Park နယ်မြေရှိ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဒုစရိုက်မှုများကျူးလွန်ရာတွင်အသုံးပြုသော တရားမဝင်အဆောက်အအုံ (၆၃၅) လုံးလုံးကို ရာနှုန်းပြည့်စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့ဝင်များမှ KK Park အပိုင်း (၁) မှ တရားမဝင်အဆောက်အအုံ (၁၄၈) လုံး၊ အပိုင်း (၂) မှ တရားမဝင်အဆောက်အအုံ (၆၂) လုံးနှင့် အပိုင်း (၃) မှ တရားမဝင်အဆောက်အအုံ (၄၂၅) လုံး (စုစုပေါင်း ၆၃၅ လုံး) ကို ဖေ-ာက်ခွဲဖျ-က်ဆီးခြင်း၊ ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျ-က်ဆီးခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image