1 ပတ် - ဘာသာပြန်ပါ။

မန္တလေးမြို့တွင် ရွေးကောက်ပွဲအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈ လမ်းထောင့်၌လည်းကောင်း၊ လမ်း ၈၀ နှင့် ၄၁ လမ်းထောင့်၌လည်းကောင်း၊ ၈၄ လမ်း၊ ၃၈ လမ်းနှင့် ၄၁ လမ်းကြားရှိမန်းမြိုဈေး၌ ရွေးကောက်ပွဲအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေးအတွက် “ဒိုအတူမဲပေးကြမည်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာအဖွဲအစည်းများနှင့်ပူးပေါင်း၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

image