အာဆင်နယ်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ဆာကာ
=====================
ဘူကာယိုဆာကာဟာ အာဆင်နယ်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် သဘာတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
စာချုပ်သစ်ကြောင့် အသက် ၂၄ နှစ်ရှိ ဆာကာဟာ အာဆင်နယ်ရဲ့ လုပ်ခအများဆုံးရ ကစားသမားများထဲမှ တစ်ဦးဖြစ်လာပါမယ်။
အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာ၊ ဂါဘရီရယ်၊ အီသန်နဝမ်နရီ၊ မိုင်လက်စ်လီဝစ်စကယ်လီတို့အား နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုပြီးနောက် ဆာကာအား စာချုပ်သစ်ချုပ်ဆိုရေး သဘောတူညီမှု ရလာတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ ၂၀၁၈ ခုနှစ်တွင် အာဆင်နယ်အတွက် ပထမဆုံးပွဲကစားခွင့်ရပြီးနောက် အရေးပါတဲ့ ကစားသမား ဖြစ်လာသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာကြောင့် သုံးလကြာ အနားယူခဲ့ရပေမယ့်လည်း ၃၇ ပွဲကစားခဲ့ရာမှာ ၁၂ ဂိုးသွင်းပြီး ၁၃ ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၃-၂၄ ရာသီတုန်းက အာဆင်နယ်ကစားသမားဘဝ ဆက်တိုက်အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို ဂိုး ၂၀ ဖြင့် ကလပ်ရဲ့ ဂိုးအများဆုံးသွင်းယူသူအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ၆ မှတ်ဖြတ်ကာ အမှတ်ပေးဇယားအား ဦးဆောင်ထားသလို ချန်ပီယံလိဂ်တွင်လည်း ရာနှုန်းပြည့်နိုင်ပွဲ ရယူထားနိုင်ပါတယ်။