အနီကတ်အတွက် ထပ်ဆောင်းပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရတဲ့ စပါးစ်အသင်းခေါင်းဆောင်ရိုမီယို
===================

စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုဟာ ပြီးခဲ့တဲ့လတုန်းက လီဗာပူးရှုံးပွဲမှ အပြုအမူအတွက် ထပ်ဆောင်းတစ်ပွဲပယ်ပြစ်ဒဏ်အပြင် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
ရိုမီယိုဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့တုန်းက လီဗာပူးအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပွဲချိန် ၉၃ မိနစ်မှာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်းခံရပြီးနောက် ကွင်းထဲမှ ချက်ချင်းထွက်ခွာရန် ပျက်ကွက်ခဲ့တာပါ။
သူဟာ လီဗာပူးနောက်ခံလူကိုနာတေးအား ပြစ်ဒဏ်ကျူးလွန်မှုအတွက် ဒုတိယအဝါကတ်ပြသခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ရိုမီယိုဟာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရမှုကြောင့် အလိုအလျှောက် ၁ ပွဲပယ်ခံခဲ့ရပြီး ဖြစ်ကာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပဲလေ့စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ကျခံခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ အဝါကတ် ၅ ကတ်ပြည့်သွားမှုအတွက် ဖူလ်ဟမ်အား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲကို လွဲချော်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
သူဟာ နောက်ထပ် ၁ ပွဲ ထပ်ဆောင်းပွဲပယ်ခံလာရမှုနှင့်အတူ ယနေ့ည ဗီလာအား အိမ်ကွင်းတွင် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကို ထပ်မံ လွဲချော်လာတော့မှာ ဖြစ်ပါတယ်။

image