ဘရိုက်တန်အသင်းနဲ့ အက်ဖ်အေဖလားပွဲကို ဖလက်ချာ ဆက်လက်တာဝန်ယူမယ်

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ဘရိုက်တန်အသင်းနဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကို မန်ယူအသင်းနည်းပြအဖြစ် ဒါရင်းဖလက်ချာ ဆက်လက်တာဝန်ယူမယ်လို့ သိရပါတယ်။
အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ပြီးနောက် မန်ယူအသင်းက လက်ရှိရာသီကုန်ဆုံးချိန်အထိ ယာယီနည်းပြနဲ့ စခန်းသွားဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ဘန်လေအသင်းနဲ့ပရီးမီးယားလိဂ်ပွဲမှာ ဒါရင်းဖလက်ချာက မန်ယူအသင်းနည်းပြအဖြစ် ပထမဆုံးတာဝန်ယူခဲ့ပြီး အဲဒီပွဲက နှစ်ဂိုးစီသရေကျခဲ့ပါတယ်။
ဒါရင်းဖလက်ချာက သူ့ကို မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘာရာဒါနဲ့ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့ဇ်တို့က ဘရိုက်တန်အသင်းနဲ့ပွဲမှာနည်းပြအဖြစ် ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တာလို့ ပြောခဲ့ပါတယ်။

image