1 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းသွင်းဂိုးအများဆုံး ဘရာဇီးလ်ကစားသမားအဖြစ် အစ်ဂေါသီယာဂို စံချိန်တင်

ဘရန့်ဖို့အသင်းတိုက်စစ်မှူး အစ်ဂေါသီယာဂိုက လက်ရှိရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၆)ဂိုးအထိ ပိုင်ဆိုင်ထားပြီး သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းသွင်းဂိုးအများဆုံး ဘရာဇီးလ်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
အစ်ဂေါသီယာဂိုဟာ ၂၀၁၇-၁၈ ရာသီက ဖေမီနို၊ ၂၀၂၂-၂၃ ရာသီက မာတင်နယ်လီ၊
၂၀၂၄-၂၅ ရာသီက ကန်ညာတို့ရဲ့ တစ်ရာသီအတွင်းပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့
ဘရာဇီးလ်ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။
လက်ရှိရာသီပရီးမီးယားလိဂ်ပွဲစဉ် (၂၁)ပြီးဆုံးချိန်မှာ ဘရန့်ဖို့ဒ်အသင်းက
ရမှတ် (၃၃)မှတ်အထိရရှိထားပြီး ၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်ရလဒ်အကောင်းဆုံးမှတ်တမ်းနဲ့ တူညီခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းက လက်ရှိရာသီပရီးမီးယားလိဂ်မှာ အဆင့် (၅)နေရာအထိ
ရောက်လာပြီး ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက် ရှိလာပါတယ်။

image