2 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါ ခွက်ကိုင်ခဲ့လို့ စပါးနည်းပြ ပြစ်တင်ခံရ

စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ မဟာပြိုင်ဘက် အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါ ခွက်ကိုအသုံးပြုပြီး
ကော်ဖီသောက်ခဲ့လို့ ပြစ်တင်ခံနေရပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့စပါးအသင်းဟာ လက်ရှိရာသီမှာ
အခြေအနေဆိုးနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၁၄)နေရာရောက်ရှိနေပါတယ်။
စပါးအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာအနိုင်ရပြီး ဖိအားတွေရှိနေချိန်မှာ သောမတ်စ်ဖရန့်ခ်က စပါးအသင်းပရိသတ်တွေ အမုန်းကြီးမုန်းတဲ့ အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါ ခွက်ကို အသုံးပြုခဲ့လို့ ပိုပြီးဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။
သောမတ်စ်ဖရန့်ခ်ကတော့ ကော်ဖီခွက်မှာ အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါတာ လုံးဝမသိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
စပါးအသင်းပရိသတ်တွေကတော့ သောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်ဖို့တောင်းဆိုနေကြပါတယ်။

image