2 ပတ် - ဘာသာပြန်ပါ။

ဒဏ်ရာရနေတဲ့ ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ့တဲ့အတွက် မာတင်နယ်လီ ဝေဖန်ပြစ်တင်ခံခဲ့ရ

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီဟာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရနေတဲ့ ပြိုင်ဘက်ကစားသမား ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘရက်ဒလေက ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းဘေးစည်းနား လှဲချခဲ့ချိန်မှာ မာတင်နယ်လီက ပွဲအမြန်ပြန်စနိုင်ဖို့အတွက် ကွင်းဘေးကို တွန်းထုတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် လီဗာပူးလ်ကစားသမားတွေရဲ့ တွန်းထိုးကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ဘောလုံးသုံးသပ်သူအများစုကလည်း ပွဲအပြီးမှာ မာတင်နယ်လီရဲ့ အပြုအမူကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အာဆင်နယ်နည်းပြ အာတေတာနဲ့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့တို့ကတော့ မာတင်နယ်လီဟာ ဘရက်ဒလေ တကယ်ဒဏ်ရာမရဘဲ အချိန်ဆွဲတယ်လို့ ယူဆတာကြောင့်သာ အခုလို ပြုမူခဲ့ခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းကတော့ ''ခင်ဗျားတို့ အနိုင်ရချင်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့လည်း အနိုင်ရချင်တာပါပဲ။ ဒါပေမဲ့ ကစားသမားတစ်ယောက်ရဲ့ ကျန်းမာရေးက ကျန်တာတွေထက် ပိုအရေးကြီးတယ်လို့ ထင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
မာတင်နယ်လီက သူ့ရဲ့အပြုအမူအတွက် ဘရက်ဒလေဆီကို မက်ဆေ့ချ်ပေးပို့ပြီး တောင်းပန်ခဲ့တယ်လို့ Instagram ကတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ကြောင်း သိရပါတယ်။

image