အသက်အရွယ်တစ်ခု ရောက်လာတော့ ကိုယ်ရှိနေကြောင်း ပြရတာမျိုးတွေကို သိပ်မလုပ်ချင်တော့ဘူး။
မေ့နေတဲ့ သူတွေကိုလည်း မေ့တဲ့အတိုင်းပဲ ထားလိုက်တယ်။ ကိုယ်ကိုယ်တိုင်လည်း လူတချို့ကို မေ့နေခဲ့တာပဲ။
ကိုယ့်အလုပ်တွေ ကိုယ်လုပ်ပြီး ဇာတ်မြှုပ်နေရတာမျိုးကိုပဲ သဘောကျတော့တယ်။
ကိုယ်ရှိနေကြောင်း ပြလိုက်မှ ရလာတဲ့ သတိရမှုမျိုး။ ကိုယ်အသံပြုလိုက်မှ ရောက်လာတဲ့ ဆက်ဆံရေးမျိုးတွေကိုလည်း မလိုချင်တော့ဘူး။
ဆယ်ကျော်သက်လည်း မဟုတ်တော့သလို၊ ကလေးစိတ်တွေလည်း ကုန်ခဲ့ပြီပဲ။ ကိုယ်ရှင်သန်ရာ ရပ်ဝန်းမှာ အဆင်ပြေပြေလျှောက်နိုင်ဖို့ကိုပဲ အာရုံစိုက်ရတော့တယ်။
မတွေ့တာကြာသွားတဲ့ အပေါင်းသင်း သူငယ်ချင်းတွေကို ရုတ်တရက် ပြန်တွေ့ရင် ခဏတာ အံ့ဩပျော်ရွှင်သွားမယ်။ နောက်တော့လည်း နေသားကျသွားမယ်။ တချို့ကို ပြန်တွေ့ရင်တောင် မှတ်မိချင်မှ မှတ်မိလိမ့်မယ်။
အချိန်ရဲ့ တိုက်စားမှုတွေ၊ သက္ကရာဇ်ရဲ့ ဝါးမျိုမှုတွေကြောင့် အတိတ်တချို့ကို မေ့ကောင်း မေ့သွားနိုင်တယ်။ လူတချို့ကို မသိတော့တာမျိုးတွေလည်း ရှိကောင်းရှိလာနိုင်တယ်။ အသက်တွေ ကြီးလာပြီပဲ။ ဦးနှောက်နဲ့ နှလုံးသားမှာ ထည့်ရတာတွေဟာ များလာခဲ့ပြီ။ ဒါဟာ ကြီးရင့်လာတဲ့ ဘဝရဲ့ ချို့ယွင်းချက်တွေလို့လည်း ဆိုနိုင်လိမ့်မယ်။
အရင်လောက်လည်း စစ်စစ်မှန်မှန် မရယ်နိုင်တော့သလို၊ အရင်လောက်လည်း စိတ်တွေဟာ လတ်ဆတ်မနေတော့ဘူး။
သူငယ်ချင်းတချို့ကို ပြန်တွေ့ချင်တယ်။ ဒါပေမယ့် ပြန်တွေ့ရင်လည်း မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ ကိုယ့်လမ်းကိုယ်လျှောက်ရင်း ကိုယ့်ဘဝကိုယ် ကျောင်းနေရတဲ့အခါ မေ့တာတွေလည်း ရှိမယ်။ ပြောင်းလဲသွားတာတွေလည်း ရှိလိမ့်မယ်။
ရောက်ရှိရပ်ဝန်းမှာ ပျော်​ေအာင်နရတာကိုက ဘဝမဟုတ်လား။
#crd_to_owner
#စာရယ်ကဗျာရယ်

image