#ရသေ့ကြီး ဦးခန္တီ၏ ဂါထာ_တန်ခိုး
-----------------
ရသေ့ကြီးဦးခန္တီနဲ့ လှေသင်းမင်းကျောင်း ဆရာတော်တို့ အလှုပွဲတစ်ခုမှာ ဆုံကြတယ်။
လှေသင်းမင်းကျောင်းဆရာတော်က
❝ ရသေ့ကြီးက တန်ခိုးကြီးတယ် ပြောတယ်၊ တပည့်တော်ကို လက်တွေ့ ပြစမ်းပါ ❞ ဆိုတော့
❝ အရှင်ဘုရား၊ ခဏစောင့်ပါ ဘုရား ❞ ပြောပြီး ဘုရားခန်းထဲမှာ (၄၅)မိနစ် ပုတီးစိပ်တယ်။
တစ်အောင့်ကြာတော့
ကျောင်းအောက်မှာ ဒကာတစ်ဦး ရောက်လာပြီး ❝ ရသေ့ကြီးဦးခန္တီ ရှိပါသလား ❞ မေးပြီး အပေါ် တက်လာတယ်၊ ပြီးတော့ ရွှေဒင်္ဂါး (၁၀၈)ပြား လှူသွားတယ် တဲ့။
ဒါနဲ့ ပဲ ရသေ့ကြီးကလည်း
❝ လှေသင်းမင်းကျောင်းဆရာတော်တို့လည်း ဘုန်းတန်ခိုးကြီးတယ် ကြားတယ်၊ တပည့်တော်များ မြင်ချင်ပါတယ် ဘုရား ❞ လို့ လျှောက်တယ် တဲ့။
အဲဒီအခါ ဆရာတော်ကလည်း
❝ ခဏစောင့်ပါ ရသေ့ကြီး ❞ လို့ပြောပြီး ဘုရားခန်းထဲဝင် (၄၅)မိနစ် ပုတီးစိပ်တယ် တဲ့။
တစ်အောင့်ကြာတော့ အောက်က လူတစ်ယောက် တက်လာပြီး
❝ လှေသင်းမင်းကျောင်းဆရာတော်ကို လှူချင်လို့ပါ ❞ ပြောပြီး သင်္ကန်း (၁၀၈)စုံ လှူသွားတယ် တဲ့။
ဒီလိုနဲ့ စကားပြောကြရင်း
❝ ရွတ်ဆိုပူဇော်တဲ့ ဂါထာအကြောင်း မေးကြတော့ (၂)ဦးစလုံး ပူဇော်တဲ့ဂါထာက တစ်ပုဒ်တည်း ဖြစ်နေတယ် ❞ တဲ့။
အဲဒီ ဂါထာက ..
~~~~~~~~~~~
❝ အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊
စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခ ဒံ ၊ သရဏံ ၊ ပဏာမာမိ ဇိနံ။ ❞
အထက်ပါ ဂါထာကိုသာ ရွတ်ဆိုပူဇော်ပါ။
အနက်ကို ရွတ်ဆိုရန် မလိုပါ။ အဓိပ္ပါယ် သိရန် ရေးပေးတာပါ။
~~~~~~~~~~ ။ ~~~~~~~~~~
၁။ အရဟံ( ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ) ပဏာမာမိ ( ရှိခိုးပါ၏။ )
၂။ ဗဟိ-အန္တ-ဇယံ( အတွင်း၊ အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၃။ သုဂတံ( ကောင်းသောစကားကို ဟောပြောတတ်သော
မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၄။ အမိတံ( မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော
မြတ်စွာဘုရားကို) ပဏာမာမိ( ရှိခိုးပါ၏။ )
၅။ ဝိရဇံ( ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ) ပဏမာမိ( ရှိခိုးပါ၏။ )
၆။ လလိတံ( တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၇။ အတုလံ( အတုမရှိသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၈။ စရဏံ( အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၉။ တိ-ဘဝူပ-သမံ( ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော
မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁ဝ။ ယမကံ( ရေ၊ မီး အစုံအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁၁။ သုခဒံ( ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁၂။ သရဏံ( ကိုးကွယ်အားထားရာ ဖြစ်သော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
၁၃။ ဇိနံ( မာရ်ငါးပါးကို အောင်မြင်သော မြတ်စွာဘုရားကို ) ပဏာမာမိ( ရှိခိုးပါ၏။ )
ဤ ဂါထာကို ..
မနက်( ၉ )ခေါက်, နေ့( ၉ )ခေါက်, ည( ၉ )ခေါက် အမြဲ ရွတ်ဆို နိုင်ကြသလို ..
ဂါထာ တစ်ပုဒ် ပုတီးတစ်လုံးချခြင်းဖြင့် မိမိတို့ စွမ်းနိုင်သမျှ ပုတီး စိပ်နိုင် ကြပါတယ်။
အနည်းဆုံး (၄၅)မိနစ်ကြာအောင် စိပ်နိုင်လျှင် ပိုကောင်းပါတယ်။ ရွတ်ဆို ပူဇော်ပါက လာဘ်၊ လာဘ တိုးပွားကြောင်းကိုလည်း မှတ်သား သိရှိရပါတယ်။
ဓမ္မ မိတ်ဆွေတို့လည်း ယုံကြည်လျှင် ပူဇော်နိုင်ကြပါစေရန် တင်ပြ လိုက်ရပါတယ်။
ဘုရားရှင်၏ အပြင်ဂုဏ်တော် (၁၃)ပါးလို့လည်း ခေါ်ဆိုပါတယ်။
#crd