ပြည်ရေနံမြေတွင် သဘာဝဓာတ်ငွေ့ အထွက်တိုးရေး ဆောင်ရွက်လျက်ရှိ

ဆယ်နှစ်ကျော်ကြာ ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့သည့် ပြည်ရေနံမြေ၌ သုတေသနပြု၍ သဘာဝဓာတ်ငွေ့အထွက်တိုးရေး ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသ ည်။
ယင်းကဲ့သို့ ဆောင်ရွက်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများသည် ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်းတည်ရှိပြီး ပြည်ရေနံမြေဒေသသည် အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့နှစ်မျိုးလုံးထွက်ရှိသော တန်ဖိုးရှိသည့် ရေနံမြေတစ်ခု ဖြစ်သည်။
လက်ရှိ၌ ပြည်ရေနံမြေရှိ တွင်းအမှတ် (၄၈) ၏ သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ဖေ-ာက်ယူရာမှ သဘာဝဓာတ်ငွေ့များ ပြန်လည်ထွက်ရှိလာမှု အခြေအနေများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားနေသည်ဟု သိရသည်။

image